အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး ရှုးရှုးရှဲရှဲနဲ့ ထမင်းစားမြိန်စေမယ့် တို့ဖူးချဉ်ချဉ်စပ်စပ် ချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။ စာဖတ်သူတို့အားလုံးလည်း အကြိုက်တွေ့ကြမယ်လို့ ယုံကြည်ပါတယ်နော်။
ပါဝင်ပစ္စည်း
- တို့ဖူး တစ်ထုပ်
- ဝက်သား တောက်တောက်စဉ်း အနည်းငယ် (အမဲသားလည်း သုံးလို့ရပါတယ်။)
- ကြက်သွန်နီတစ်ခြမ်း ခပ်ပါးပါးလှီးပါ
- ကြက်သွန်ဖြူကို ခပ်ပါးပါးလှီးပါ
- ကြက်သွန်မြိတ်အနည်းငယ် ခပ်ပါးပါးလှီးပါ
- ငရုတ်ပွသီး အစိမ်းသီး အနည်းငယ်
- ငရုတ်ပွသီးအနီသီးအနည်းငယ်
- ဆီ
- ကိုရီးယား ငရုတ်သီးမှုန့် (ရိုးရိုးငရုတ်သီးမှုန့်လည်းသုံးနိုင်ပါတယ်) စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ကိုရီးယား ပဲပုပ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း တစ်ဝက်
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- နှမ်းဆီ အနည်းငယ်
- ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
အရင်ဆုံး အသီးအရွက်တွေနဲ့ ပါဝင်ပစ္စည်းတွေကို ပြင်ဆင်လိုက်ပါ။
တို့ဖူးကို အတုံးလေးတွေလှီးလိုက်ပါ။
အိုးကိုအပူပေးပြီး ဆီထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ကို သေချာရောပြီး ဆီသတ်လိုက်ပါ။
အသားထည့်ပြီး ၂ မိနစ် ၃ မိနစ်လောက်မွှေလိုက်ပါ။
သကြား၊ ပဲငံပြာရည်၊ ငရုတ်သီးအနှစ်တို့ကိုထည့်ပြီး သေချာမွှေလိုက်ပါ။
ငရုတ်ပွသီးတွေကိုထည့်လိုက်ပါ။ အနည်းငယ်နူးတဲ့အထိ ချက်ပေးရပါမယ်။
ပြီးရင်တော့ ရေ ၁ ခွက်ခွဲ ထည့်လိုက်ပြီး ပွက်ပွက်ဆူအောင်ထားပါ။
ဆူပြီဆိုရင်တော့ တို့ဖူးထည့်လိုက်ပါ။ ခဏလောက်ထားထားလိုက်ပါ။ နှမ်းဆီ နည်းနည်းနဲ့ ကော်မှုန့်နည်းနည်းထည့်ပါ။ မိနစ် အနည်းငယ်ထားပြီး ချလို့ရပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar