အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာလည်းရှိ အာဟာရလည်း ပြည့်ဝတဲ့ ဝက်သား ပဲပြားဟင်း ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စင်းထားပါ)
  • ပဲပြား ၄၅၀ ဂရမ် (တစ်လက်မ ကုဗတုံး တုံးထားပါ)
  • ရွှေပဲသီး အနည်းငယ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်း ၄ ပြား (ပါးပါးလှီးထားပါ)

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးအကြီးတစ်လုံးကို အပူပေးပြီး နှမ်းဆီထည့်ကာ ဝက်သားများကို ၅ မိနစ်ခန့် ကြော်လိုက်ပါ။

၂။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ဆန်မှုန့်၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အနောက်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး တစ်မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၃။ ပဲပြားနဲ့ ရေတို့ထည့်ပြီး မီးအေးအေးလေးနဲ့ ၅ မိနစ်ခန့် ဆူပွက်လာအောင် စောင့်လိုက်ပါ။

၄။ ရွှေပဲသီးထပ်ထည့်ပြီး တစ်မိနစ်ခန့် ထပ်တည်ထားလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်တို့ ထပ်ထည့်ပြီး ထမင်းနဲ့ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါပြီ။

Source: juicyappetite.com