အားလုံးပဲ မင်္ဂလာပါ။ ကော်ဖီ၊ လက်ဖက်ရည်တို့နဲ့ အင်မတန်လိုက်ဖက်တဲ့ အရောင်နှစ်ရောင်စပ် မာဘယ်လ် ငှက်ပျောသီးကိတ် ပြုလုပ်နည်းကို ကိတ်မုန့်ဖုတ်ရတာဝါသနာပါသူများအတွက် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘက်စုံသုံး ဂျုံမှုန့် ၁၂၀ ဂရမ်
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ နှင့် ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ထောပတ် ၁ ခဲ ၁၁၃ ဂရမ်
  • ကြက်ဥ ၂ လုံး

  • ငှက်ပျောသီးမှည့် ၃ လုံး (အခွံခွာကာ ငှက်ပျောသီးကို အနှစ်များရအောင် ချေထားလိုက်ပါ)
  • Sour Cream စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ချောကလက် ၃ အောင်စ (အတုံးသေး တုံးထားပါ)
  • ကိုးကိုးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကိတ်မုန့်ဖုတ်မှာ ဖြစ်တဲ့အတွက် အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် သုတ်လိမ်းထားလိုက်ပါ။ ကိတ်မုန့်လင်ဗန်းကို ထောပတ်ဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါနှင့် ဆားတို့ကို သမအောင် ရောနယ်ထားပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ထောပတ်နှင့် သကြားတို့ကို သမသွားအောင် လျှပ်စစ်မွှေစက်ဖြင့် မွှေပေးလိုက်ပါ။

ထို့နောက် ကြက်ဥ တစ်လုံးချင်းစီကို တစ်ကြိမ်စီဖောက်ထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။

၄။ ထိုကြက်ဥခရင်မ်ထဲသို့ ဂျုံမှုန့်အရောအနှောများ လောင်းထည့်ပြီး အရှိန်နှေးနှေးဖြင့် မွှေပေးလိုက်ပါ။

၅။ ထို့နောက် ငှက်ပျောသီးအနှစ်၊ Sour Cream နှင့် ဗနီလာတို့ ထပ်ပေါင်းထည့်ပြီး မုန့်နှစ်ပျစ်ပျစ်လေးရသွားအောင် ရောမွှေပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ချောကလက်ခဲများကို အရည်ဖျော်လိုက်ပါ။

ရရှိလာတဲ့ ချောကလက်ရည်ထဲသို့ ကိုးကိုးမှုန့်များထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် ထိုချောကလက်ပန်းကန်ထဲသို့ ငှက်ပျောသီးမုန့်နှစ် ၃ ပုံ ၁ ပုံခန့် လောင်းထည့်ကာ သမအောင် ရောမွှေပါ။

၇။ ထို့နောက် ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းထဲသို့ ငှက်ပျောသီးမုန့်ဖုတ် တစ်ဇွန်း၊ ချောကလက်မုန့်နှစ် တစ်ဇွန်းစီဖြင့် အလှည့်ကျထည့်လိုက်ပါ။

၈။ အားလုံးထည့်ပြီးသွားပါက ဓားဖြင့် မုန့်နှစ်များကို မြွေလိမ်မြွေကောက်ပုံသဏ္ဍာန် လှည့်ပတ်လိမ်တွန့်ပေးလိုက်ပါ။

၉။ ထို့နောက် Oven ထဲတွင် တစ်နာရီ ၁၀ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ နှစ်ရောင်စပ် မာဘယ် ချောကလက် ငှက်ပျောသီးကိတ်လေး ရရှိသွားပါပြီ။

Source: Onceuponachef.com