ပါဝင်ပစ္စည်များ
- မရမ်းသီးအစိမ်း
- ပုဇွန်ခြောက်မူန့်
- ငပိစိမ်းစား
- ကြက်သွန်ဖြူ
- ကြက်သွန်နီ – ၃ဥ
- ငြုတ်စိမ်းတောင့်
- ငြုတ်ပုကျက်မူန့်
- အချိုမူန့့်
ပြုလုပ်နည်းများ
- မရမ်းသီးများ ထက်ခြမ်းခွဲ အစေ့ထုတ် ရေစိမ်ထားပါ။ ကြက်သွန်နီ ၃ ဥ လောက် မပြတ်အောင် စိတ်ပြီး ကျက်အောင် မီးကင်ထားပါ။ ကြက်သွန်ဖြူကို ထက်ခြမ်းခွဲပြီး လှော်ထားပါ။
- ငြုတ်စိမ်းတောင့်များ အညှာခြွေ၊ ရေဆေးပြီး ဒယ်အိုးနဲ့ လှော်ထားပါ။ ချောင်းသာ ငပိစိမ်းစား အကောင်းစား ယောင်းမမှာ ကပ်ပြီး ကျက်အောင် မီးကင်ထားပါ။ ငြုတ်ဆုံထဲကို ငြုတ်သီးစိမ်း လှော်ထားတာ အရင်ထည့်ပါ။ ညက်ရင် ကြက်သွန်ဖြူ လှော်တာ ထည့်ထောင်းပါ။
- ညက်ရင် ကြက်သွန်နီ မီးကင် ထားတာ ထည့်ထောင်းပါ။ ငြုတ်ကျက်မူန့် ထည့်ထောင်းပါ။ ညက်ရင် ပုဇွန်ခြောက်မူန့်၊ အချိုမူန့် အနည်းငယ် ထည့်ထောင်းပြီး ငပိ စိမိးစား မီးကင် ထည့်ထောင်းပါ။
- အားလုံး သမအောင် ဇွန်းတချောင်းနဲ့ မွှေလိုက်၊ ထောင်းလိုက် လုပ်ပါ။ နောက်ဆုံးမှ မရမ်းသီးခွဲခြမ်းများ ထည့်ထောင်းပါ။ အရမ်းညက်အောင် မထောင်းရပါ။
- သူက အရည်တွေ ထွက်တတ်လို့ မညက်တညက်လောက် ထောင်းပြီးရင် မရမ်းသီးစိမ်း၊ ငပိထောင်းချဉ်ငန်စပ် ရပါပြီ။ ကြက်သွန်နီနဲ့မရမ်းသီးပါလို့ အပြင်မှာ ကြာကြာထား စားလို့မခံပါ။ ရေခဲသေတ္တာထဲ ထည့်ပြီး နဲနဲချင်း ထုတ်စားရင် ကြာကြီးထား စားလို့ ရပါတယ်။
Credit: Ohnmar Kyi