ပါဝင်ပစ္စည်းများ

မရမ်းသီးစိမ်း – ၁၅ ကျပ်သား (စေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)

ကြက်သားမှုန့် – ၂ ဇွန်း (လက်ဖက်ဇွန်း)

ပုစွန်ခြောက်မှုန့် – ၂ ကျပ် ခွဲသား

ငရုတ်သီးစိမ်း – ၅ တောင့် (အနေတော် လှီးထားပါ)

အုပ်စု (က) ငရုတ်အကြမ်းဖတ်မှုန့် ၁ ဇွန်း ခွဲ (စားပွဲဇွန်း)

အသီးအရွက်ဆီ – ၃ ကျပ်သား (ဆီလို လျှင် ထပ်ထည့်ပါ)

ငံပြာရည် – ၁ ဇွန်း (စားပွဲဇွန်း) လိုလျှင် ထပ်ထည့်ပါ

ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ – ၆ မွှာ ( ၃ မွှာကို ထောင်းထားပါ၊ ၃ မွှာကို ပါးပါးလှီးထားပါ)

နနွင်းမှုန့် – တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)

ငပိစိမ်းစား – ၁ ဇွန်း (စားပွဲဇွန်း)

ပြုလုပ်နည်း

မကပ်သော အကြော် အိုးထဲသို့ ဆီထည့်ပါ။ ပူလာလျှင် အုပ်စု(က)မှ ကြက်သွန်နီ နဲ့ နနွင်းမှုန့် ကိုအရင်ဆီသတ်ပါ ။ နွမ်းလာလျှင် ကျန်အုပ်စု (က) မှ ပါဝင်ပစ္စည်းများ ထည့်ပြီး နှံ့အောင်မွှေပါ။

အားလုံံး မွှေးပြီး ရွှေရောင်သန်းလာလျှင် ပုဇွန်ခြောက်မှုန့် ထည့်ပါ။ အနည်းငယ် ခြောက်ပြီး ပုဇွန်ခြောက်များ ကျွတ်လာလျှင် မရမ်းသီးများ ရောပါ။

နှံ့အောင် မွှေပေးပါ။ ပါးပါးလှီးထားသော ကြက်သွန်ဖြူကို ရောပါ။ မရမ်းသီး နွမ်းလာလျှင် ရပါပြီ။

ညှပ်ထားသော ငရုပ်သီးများကို ထည့်ပါ။ ကြက်သားမှုန့် ဖြူးပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ ထမင်းပူပူကို ပဲဟင်းချိုနဲ့ တွဲစားမယ်ဆိုရင် အင်မတင် လိုက်ဖက်ပါတယ်။

မှတ်ချက်- ကျမ်းမာရေးနှင့် ညီလျှော်စွာ ချက်မယ်ဆိုရင်တော့ ဆီလျှော့ထဲ့ပါ။ သံလွင်ဆီ သုံးပါ။ အငံ နှင့် ပုဇွန်ခြောက်မှုန့်များ လျှော့ထဲ့ပါ။