အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လူတိုင်းလိုလို နှစ်သက်ကြတဲ့ မာလာဟင်း ချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။ အရမ်းလည်းအရသာရှိပြီး ချက်ရတာလည်း သိပ်မခက်ဘူးဆိုတော့ စာဖတ်သူတို့အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • မာလာဟင်းအနှစ်
  • ကြက်သားချောင်း
  • ကန်စွန်းရွက်
  • ငါးအသားလုံး
  • ကြာစွယ်
  • ငရုတ်သီးမှုန့်
  • မာလာခေါက်ဆွဲ (၂မျိုး ၊ ၃ မျိုးခန့်)
  • ဟင်းရွက်အစုံ (မုန်လာဥနီ၊ မုန်ညှင်းစသည့်)
  • ကြာစွယ်
  • မာလာခေါက်ဆွဲ
  • ကြွက်နားရွက်မှို
  • ပဲပြား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငါးငံပြာရည်
  • ကြက်သားမှုန့်
  • မြေပဲထောင်းအနည်းငယ်
  • သကြား
  • ဆီ

ပြုလုပ်နည်း

မာလာဟင်းလေး ချက်စားကြရအောင်

အရင်ဆုံး မာလာခေါက်ဆွဲကို ရေစိမ်ပေးလိုက်ပါ။

ပထမဆုံး မာလာခေါက်ဆွဲ (၃) မျိုးထဲကမှ အစိမ်းရောင်ကို ရေ (၁၀) မိနစ်ခန့် စိမ်ပေးရပါမယ်။ ခေါက်ဆွဲ အညိုနဲ့ အဖြူကို မာလာဟင်းထဲ ထည့်ရုံ အနည်းငယ်နဲ့ သက်သက်ဆီ ပြုတ်ပေးလိုက်ပါ။

ပြုတ်ပြီးရင်တော့ အအေးခံပြီး ဇကာနဲ့ ပြန်ဆယ်ထားလိုက်ပါ။

မာလာဟင်းချက်ဖို့အတွက်ကတော့ ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်လိုက်ပါ။ ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ဆီသပ်ပေးပါ။

ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ကို ထည့်ပြီး ရေထည့်လိုက်ပါ။

ပြီးရင်တော့ ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား တို့ကို ထည့်ပြီး ရေဆူလာသည်အထိ တည်ထားပါ။

မာလာဟင်းရည်ဆူလာရင်တော့ ကြက်သားချောင်း၊ ငါးအသားလုံး၊ မုန်လာဥနီ တို့လို ဟင်းရွက်စုံ နဲ့ ကြာစွယ် တို့ကို အရင်ထည့်ပြီး မိနစ်အနည်းငယ်ခန့် တည်ထားပါ။ပြီးရင်တော့ပဲပြားထည့်လိုက်ပါ။

ပြီးရင် ကန်စွန်းရွက်ထည့်လိုက်ပြီး ခေါက်ဆွဲ မြေပဲထောင်းတို့ကိုထည့်လိုက်ပါ။
ရေအနည်းငယ်ကျန်ပြီး အရသာ အပေါ့အငန် အနေတော်ပြီဆိုရင်တော့ အပေါ်ကနေ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ထည့်ပေးလိုက်ပါ။

ကဲ…ဒါဆို မာလာဟင်း စပ်စပ်လေးကို သုံးဆောင်လို့ရပါပြီနော်။

By: MyFood Myanmar