အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ပင်လယ်စာချစ်သူတွေ အကြိုက်တွေ့သွားစေမယ့် ဂဏန်းအသားလုံးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မိရောနိစ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်ဥ ၁ လုံး
  • မုန်ညှင်းနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂဏန်းသား ၁ ပေါင်
  • ဘီစကစ် အကြေအစများ ပန်းကန်လုံးအသေး ၁ လုံးစာ
  • သံပုယိုသီးစိပ် အနည်းငယ်
  • ဟင်းချက်ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် မိရောနိစ်၊ ကြက်ဥ၊ မုန်ညှင်းနှစ်၊ ငရုတ်သီးဆော့စ်၊ သံပုယိုရည်တို့ထည့်ကာ သမအောင် ရောနယ်ပါ။ ကြက်သွန်မြိတ် ထည့်ကာ ထပ်နယ်ပါ။

၂။ အခြားပန်းကန်လုံး တစ်လုံးထဲသို့ ဂဏန်းသားနှင့် ဘီစကစ်အကြေအစများထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် စောစောက မိရောနိစ်အရောအနှောများ ပေါင်းထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး ၁ နာရီခန့် နှပ်ထားပါ။

၃။ Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ အပူဒဏ်ခံနိုင်သော လင်ဗန်းကို ဟင်းချက်ဆီဖြင့် သုတ်လိမ်းထားပါ။

၄။ ထို့နောက် နယ်ထားသော ဂဏန်းအရောအနှောများကို စားပွဲတင်ဇွန်း ၅ ဇွန်းစာခန့် ခပ်ယူကာ ဂဏန်းလုံး တစ်လုံးဖြစ်သွားအောင် ဆုပ်လိုက်ပါ။

၅။ ရရှိလာတဲ့ ဂဏန်းလုံးကို လင်ဗန်းပေါ်တင်ပြီးနောက် Oven ထဲထည့်ကာ ၈ မိနစ်မှ ၁၀ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၆။ ဂဏန်းလုံးက ရွှေညိုရောင် ပြောင်းသွားပါက အဆင်သင့် စားသုံးနိုင်ပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂဏန်းအသားလုံးလေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Dinneratthezoo.com