အမဲသားစားတဲ့သူတွေနဲ့ အမဲသားကြိုက်တဲ့သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားကိုလုံးပြီး ခရမ်းချဉ်သီးအနှစ်နဲ့ အရသာရှိအောင်ချက်နိုင်မယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီအလုံးကြီးတစ်လုံးကို သေးသေးလေးတွေဖြစ်အောင်လှီးပြီး နုတ်နုတ်ဆင်းပါ။

နုတ်နုတ်ဆင်းထားတဲ့အမဲသား – ၆၀၀ ဂရမ်ကို ပန်းကန်လုံးထဲထည့်ပါ။ ခုနကနုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်နီတွေ ထည့်ပါ။

နံနံပင်တွေလည်း နုတ်နုတ်ဆင်းပြီး ထည့်ပါ။ ကြက်သွန်ဖြူ – ၂ တက်ကို ထောင်းပြီး ထည့်ပါ။ Bread crumbs – ၄၂ ဂရမ်ထည့်ပါ။

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ကြက်ဥ – ၁ လုံးဖောက်ထည့်ပြီး သမအောင်နယ်ပါ။

သမအောင်နယ်ပြီးရင် အလုံးလေးတွေဖြစ်အောင် လုံးပေးပါ။

လုံးပြီးရင်တော့ ဆီအိုးထဲထည့်ကြော်ပါမယ်။

ကြက်သွန်နီအလုံးကြီး နောက်တစ်လုံးကိုလည်း ခုနကလိုပဲ သေးသေးလေးတွေဖြစ်အောင် နုတ်နုတ်ဆင်းပေးပါ။
ပြီးရင် ဒယ်အိုးထဲ ဆီများများထည့်ပြီး ကြက်သွန်နီတွေ နူးသွားတဲ့အထိ ၅ မိနစ်လောက်ကြော်ပေးပါ။

ငရုပ်သီးတောင့်အကြီးကို တစ်ဝက်လှီးထည့်ပါ။ ကြက်သွန်ဖြူ – ၃ တက်ကိုလည်း အဝိုင်းပြားလေးတွေ လှီးပြီး ထည့်ပါ။ ပြီးရင် ၃ မိနစ်လောက်မွှေပြီး တည်ထားပေးပါ။

ခရမ်းချဉ်သီးအနှစ်ဆော့စ် – ၆၀၀ ဂရမ် ထည့်ပါ။ တို့စားတဲ့အခါမှာသုံးတဲ့ ရိုးရိုးခရမ်းချဉ်သီးဆော့စ်ကို ရေနဲ့ဆတူရောပြီး – ၆၀၀ မီလီလီတာလောက် ထည့်ပေးပါ။ ခရမ်းချဉ်သီးအနှစ် (tomato paste) ကိုလည်း စားပွဲတင်ဇွန်း ၃ ဇွန်းစာထည့်ပါ။

ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ငရုက်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ ပူစီနံရွက် – ၇ ရွက်ကို ပါးပါးလေးတွေလှီးပြီး ထည့်ပါ။

သေချာမွှေပြီးရင်တော့ ကြော်ထားတဲ့ အမဲသားလုံးတွေထည့်ပြီး အဖုံးအုပ်ကာ မိနစ် ၃၀ တည်ထားပါ။

အချိန်ပြည့်ရင်တော့ ပန်းကန်ထဲခူးထည့်ပြီး စားသုံးနိုင်ပါပြီ။

Source: www.thecookingfoodie