ပေါင်မုန့်နဲ့ ကိတ်မုန့်ဖုတ်ရတာ စိတ်ပါဝင်စားသူများအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ လွယ်ကူစွာ ပေါင်မုန့်ဖုတ်နိုင်မယ့် နည်းလမ်းကို ဝေမျှပေးချင်ပါတယ်။

အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နို့ပေါင်မုန့်ပြုလုပ်ဖို့ရန်အတွက် လိုအပ်မယ့် ပါဝင်ပစ္စည်းတွေနဲ့ လွယ်ကူရိုးရှင်းတဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကတော့…

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့်ပြုလုပ်ဖို့ရန်အတွက် သီးသန့်ထုတ်လုပ်ထားသော ဂျုံမှုန့် ၃၀၀ ဂရမ်
  • သကား ၅၀ ဂရမ်
  • ဆား ၂ ဂရမ်
  • တဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • ထောပတ် ၃၀ ဂရမ်

  • နွားနို့ ၁၆၀ ဂရမ်
  • ကြက်ဥ ၂ လုံး (ကြက်ဥ ၁ လုံးကို မွှေခလောက်ထားပါ)
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မွှေစက်ထဲတွင် ဂျုံမှုန့်၊ သကြား၊ ဆား၊ ကြက်ဥ ၁ လုံး၊ နွားနို့နှင့် တဆေးတို့ထည့်ပြီး ၅ မိနစ်မှ ၇ မိနစ်ခန့်အထိ မွှေထားပေးလိုက်ပါ။ အချိန်ပြည့်တဲ့အခါ ထောပတ်တုံးများ ထည့်ကာ နောက်ထပ် ၁၀ မိနစ်ခန့် ထပ်မွှေပေးရပါမယ်။

၂။ နူးအိတဲ့ ဂျုံသားလေး ရသွားပြီဆိုရင်တော့ မွှေစက်ထဲမှ ထုတ်ပြီး လက်နဲ့ ခပ်နာနာလေး လုံးပေးလိုက်ပါ။ ၂ မိနစ်၊ ၃ မိနစ်ခန့် အားနဲ့ လုံးပေးရပါမယ်။

၃။ ရရှိလာတဲ့ ဂျုံလုံးအကြီးကို ဇလုံထဲထည့်ပြီး ပလပ်စတစ်အိတ်ဖြင့် ပိတ်ထားပေးလိုက်ပါ။ ဂျုံလုံးက နှစ်ဆခန့် ပွလာပြီဆိုရင်တော့ အုပ်ထားတဲ့ ပလပ်စတစ်အိတ်ကို ဖယ်လိုက်ပြီး ဂျုံလုံးကို အပြင်ထုတ်လိုက်ပါ။ ထို့နောက် ထက်ခြမ်းခြမ်းပါ။ တစ်ခြမ်းချင်းစီကို ဂျုံလုံး ၂ လုံးရအောင် ပြန်လုံးပါ။ တစ်ဖန် ဂျုံလုံး တစ်လုံးချင်းစီကို ၈ ပိုင်း ပိုင်းပြီး ဂျုံလုံး ၈ လုံး ပြန်လုံးလိုက်ပါ။

၄။ ဂျုံလုံး ၈ လုံးကို အိုးထဲထည့်ပြီးနောက် ဂျုံလုံးများကို Oven ထဲ ထည့်ဖုတ်လိုက်ပါ။ (Oven ထဲ ထည့်ဖုတ်ချိန်မှာ လုံလောက်တဲ့စိုထိုင်းဆကို ရရှိဖို့အတွက် ရေနွေးနွေးလေး တစ်ဖန်ခွက်ခန့်ပါ ထည့်ထားလိုက်ပါ)

၅။ မွှေခလောက်ထားသော ကြက်ဥကို ရေ စားပွဲတင်ဇွန်း တစ်ဇွန်းဖြင့် ရောနှောထားပါ။ ဂျုံလုံးများ နှစ်ဆခန့် ကြီးလာပါက Oven ထဲက ထုတ်ပြီးနောက် ပေါင်မုန့်များကို ကြက်ဥရေဖြင့် သုတ်လိမ်းလိုက်ပါ။ ထို့နောက် နှမ်းဖြူးထားလိုက်ပါ။

၆။ တစ်ဖန် Oven ကို ၁၇၀ ဒီဂရီစင်တီဂရိတ်ဖြင့် အပူပေးထားပြီးနောက် ပေါင်မုန့်များကို Oven ထဲမှာ မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ထပ်ဖုတ်ပေးလိုက်ပါ။ အရောင်အဆင်းလှတဲ့ ပေါင်မုန့်လုံးလေး ရရှိချင်တယ်ဆိုရင်တော့ Oven ထဲ မထည့်ခင်မှာ ပေါင်မုန့်အိုးကို ခဲဖတ်ဖြင့် အုပ်ထားပေးဖို့ လိုမယ်နော်။

အချိန်ပြည့်သွားပြီဆိုရင်တော့ အရသာလည်းရှိ၊ အရောင်အဆင်းလည်း လှတဲ့ နို့ပေါင်မုန့်လေး ရရှိသွားပါပြီ။

Source: Chinasichuanfood.com