အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ နွားနို့ပူတင်း အချိုပွဲ ပြုလုပ်ပြင်ဆင်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နွားနို့ ၁ လီတာ
  • သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • နှင်းဆီရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရ)
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

  • စပျစ်သီးခြောက် (သို့) မိမိကြိုက်နှစ်သက်ရာ သစ်သီးအချို့

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် နွားနို့ ၄ ပုံ ၃ ပုံ ထည့်ပါ။ အလယ်အလတ်မီးအပူချိန်ဖြင့် ဆူပွက်လာအောင် တည်ပါ။

၂။ ကျန်ရှိနေသော နွားနို့ တစ်ပုံကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီးနောက် ပြောင်းမှုန့်ထည့်ကာ သမအောင် မွှေခလောက်ပါ။

၃။ ဒယ်အိုးထဲရှိ နွားနို့များ ဆူပွက်လာပါက ပြောင်းမှုန့်နှင့် နွားနို့အရောအနှောများ ထည့်ကာ အရည်ပျစ်သွားသည်အထိ (၂ မိနစ်ခန့်) တည်ပါ။

၄။ နွားနို့ရည်များ ပျစ်သွားပါက မီးဖိုပေါ်ကချပြီး နှင်းဆီရေနှင့် ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

နှင်းဆီရေ မသုံးပါက ဗနီလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်းထည့်ကာ သမအောင် ရောမွှေပါ။

၅။ ထို့နောက် ပျစ်နေသော နွားနို့ရည်များကို အချိုပန်းကန်လုံးလေးများထဲသို့ အညီအမျှ ခွဲထည့်ပါ။ ထို့နောက် ပလစ်စတစ်ဖြင့် လုံအောင် ပိတ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီခန့်ထည့်ကာ အအေးခံထားလိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ပလပ်စတစ်များကို ဖယ်ရှားကာ စပျစ်သီးခြောက်များ (သို့) မိမိကြိုက်နှစ်သက်ရာ သစ်သီးများဖြင့် အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ နွားနို့ပူတင်းလေး ရရှိသွားပါပြီ။

Source: Dairyfarmersofcanada.ca