Milo ကြိုက်တဲ့သူတွေက အရမ်းများတယ်ဆိုတော့ Milo Cake ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။ Milo ချစ်သူမှန်ရင်တော့ ကိတ်ကိုလည်းကြိုက်မှာသေချာပါတယ်။ အရသာကောင်းအောင် အိမ်မှာ အလွယ်တကူလုပ်စားလို့ရစေဖို့ ဒီနည်းလမ်းလေးကို အဆုံးထိသေချာလေ့လာကြည့်လိုက်အုံးနော်။

Milo Cake ပြုလုပ်ဖို့ ဂျုံမှုန့် – ခွက်တစ်ခွက်စာ၊ ချောကလက်အမှုန့် (Coca Powder) – စားပွဲတင်ဇွန်း ၂ ဇွန်းစာ၊ မုန့်ဖုတ်ပေါင်ဒါ (Baking Powder) – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲစာ၊ Milo အမှုန့် – ခွက်တစ်ခွက်စာ၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို ရောထည့်ပြီးမွှေပါ။

မွှေစက် (သို့) Blender ထဲကို ထောပတ်အတုံး – ခွက်တစ်ဝက်စာ၊ သကြား – ခွက်ရဲ့လေးပုံ ပုံ  တစ်ပုံစာထည့်ပြီး ကြက်ဥ – ၃ လုံးထည့်မွှေပါ။ ခုနကရောမွှေထားတဲ့ အမှုန့်တွေကိုလည်း ထည့်မွှေပါ။ နွားနို့ – ခွက်တစ်ဝက်စာကိုလည်း ထည့်မွှေပါ။

သေချာမွှေပြီးရင်တော့ ဗန်းတစ်ခုထဲကိုထည့်ပြီး ညီနေအောင် ပုံမှာပြထားတဲ့အတိုင်း ညှိပေးပါ။ ပြီးရင်တော့ မုန့်ဖုတ်စက်ထဲမှာ မိနစ် ၃၀ ခန့် ထည့်ထားပေးပါ။ မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ ချိစ်ခရင်မ်တွေကို အပေါ်ကနေသုတ်ပေးပါ။ ချိစ်ခရင်မ်သုတ်ထားတဲ့အပေါ်မှာမှ Milo အမှုန့်တွေ ဖြူးပေးပါ။

နောက်ဆုံးမှာတော့ ကိုယ်နှစ်သက်သလို ဓားနဲ့လှီးပြီး စားသုံးနိုင်တဲ့ Milo Cake ကို ရရှိသွားပါပြီ။

Photo Source: www.yummyph.com