အားလုံးပဲ မင်္ဂလာပါ။ MyFood Myanmar ရဲ့ အစားအသောက်ချစ်သူတွေထဲမှာ ကြာဇံကြော်ကြိုက်တဲ့သူတွေရော ပါမလားမသိဘူးနော်။ ပါတယ်ဆိုရင်တော့ အခုဝေမျှပေးမယ့် ဝက်သားစဉ်းကော ကြာဇံကြော် ကြော်နည်းကို လက်မလွတ်တမ်း လေ့လာကြည့်ဖို့ လိုမယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြာဇံ ၂ ထုပ်
  • နုပ်နုပ်စဉ်းထားသော ဝက်သား ပန်းကန်လုံးတစ်လုံးစာ (၂၂၅ ဂရမ်ခန့်)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူနှင့် ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်းစီ
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြာဇံကို ရေနွေးထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ရေအေးထဲတွင် ဆေးချပေးရပါမယ်။ ထို့နောက် ဇလုံထဲတွင် သပ်သပ်ဖယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။

၃။ ကြက်သွန်ဖြူနှင့် ဂျင်းအနံ့တို့ သင်းလာပါက ဝက်သားစဉ်းကောလေးထည့်ကာ ၂ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် ပဲငံပြာရည်အနောက်နှင့် ငရုတ်ဆီတို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ပြီးကျရင်တော့ ရေ ၂၅၀ မီလီလီတာခန့်ထည့်ကာ ရေ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၅။ ရေက တဖြည်းဖြည်းနဲ့ ဆူပွက်လာပြီဆိုရင်တော့ ကြာဇံထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ရေများ ခမ်းသွားသည်အထိ မွှေကြော်ပေးရပါမယ်။

၆။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။ စားခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com