အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြာဇံကြော်ချစ်သူများအတွက် ဝက်သား ကြာဇံကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြာဇံ ၂ ထုပ်
  • ဝက်သား ၂၂၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူနှင့် ဂျင်း စားပွဲတင်ဇွန်း ၂ ဇွန်းစီ
  • ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲပိစပ် ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြာဇံကို ရေနွေးပူထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်ပါက ရေအေးဖြင့် ပြန်လည်ဆေးကြောထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပေးရပါမယ်။

၃။ ထို့နောက် ဝက်သားထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ပဲငံပြာရည်အနှောက်နှင့် ပဲပိစပ် ငရုတ်နှစ်တို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးထဲသို့ ရေ ၅၀၀ မီလီလီတာခန့် ထည့်ကာ အပူချိန်အမြင့်ဆုံးဖြင့် တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာတဲ့အခါမှာတော့ ကြာဇံထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ဆက်တည်ထားရပါမယ်။

၆။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်ထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သား ကြာဇံကြော်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com