ချောကလက်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ အေးအေး ချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ ချောကလက်ကိတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တို့ဟူး ၁၂ အောင်စ
  • ချောကလက် အယ်လ်မွန်နွားနို့ ၁၂၅ မီလီလီတာ
  • အယ်လ်မွန်ထောပတ် ၆၄ ဂရမ်
  • ချောကလက် ၁၂ အောင်စ
  • ဆားအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ တို့ဟူးကို အနှစ်များရအောင် ခက်ရင်းဖြင့် ချေမွပေးလိုက်ပါ။ ထို့နောက် သစ်သီးဖျော်စက်ထဲထည့်လိုက်ပါ။ အယ်လ်မွန်နွားနို့နှင့် အယ်လ်မွန်ထောပတ်တို့ထည့်ကာ အနှစ်များရလာသည်အထိ သစ်သီးဖျော်စက်ကို မွှေပေးလိုက်ပါ။

၂။ ချောကလက်ကို အရည်ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ချောကလက်ကို ဖျော်စက်ထဲထည့်ပါ။ ဆားထည့်ပြီးနောက် ထပ်မံမွှေပေးရပါမယ်။ ဒါဆိုရင်တော့ အနှစ်ပျစ်ပျစ်လေး ရသွားပါလိမ့်မယ်။

၃။ ရရှိလာတဲ့အနှစ်ကို ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းပေါ်သို့ လောင်းထည့်ကာ မျက်နှာပြင်ကို အညီအညာပွတ်ပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲမှာ ၁၂ နာရီမှ ၂၄ နာရီခန့်အထိ အအေးခံထားလိုက်ပါ။

၄။ ခဲသွားတဲ့အခါမှာတော့ အညီအမျှပိုင်းကာ မိမိစိတ်ကြိုက် အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Pinchofyum.com