ပီဇာကြိုက်ပေမယ့် ကိုယ်တိုင်လုပ်စားချင်တယ်၊ ခက်ခဲတာမျိုးလည်း မလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် ပေါင်မုန့်နဲ့ Mini Bread Pizza အလွယ်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့အတွက် ပေါင်မုန့်ကို ဒလိမ့်တုံးနဲ့ ပြားအောင်လိမ့်လိုက်ပြီး အလယ်ကနေ အဝိုင်းလေးလှီးထုတ်ပေးပါ။

ပြီးတာနဲ့ Garlic Butter လေး သုတ်ပေးပါ။ Cupcake လုပ်တဲ့ ပုံစံခွက်ထဲထည့်ပြီး မုန့်ဖုတ်စက်ထဲမှာ ၁၀ မိနစ်ထည့်ထားပါ။

အချိန်ပြည့်ရင်ထုတ်ပြီး Mozzarella ချိစ်တွေထည့်ပေးပါ။ ပီဇာဆော့စ် တစ်ဇွန်းစီလိုက်ထည့်ပါ။ ချိစ်ထပ်ထည့်ပါ။ ကြက်ဥချောင်း (သို့) ဝက်အူချောင်းလေးတွေ လှီးထည့်ပါ။ အခြားကိုယ်ထည့်ချင်တာလေးတွေလည်း ထည့်လို့ရပါသေးတယ်။ ပြီးပြီဆိုရင်တော့ မုန့်ဖုတ်စက်ထဲမှာ ၁၀ မိနစ် ထပ်ထည့်ထားပါ။

အချိန်ပြည့်လို့ မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ စားလို့ရပါပြီ။ ဒါဆိုရင်တော့ Mini Bread Pizza လုပ်နည်း ပြီးသွားပါပြီ။ ပေါင်မုန့်နဲ့လုပ်တာမို့ အရမ်းလွယ်ပါတယ်။ အလုပ်ရှုပ်လည်း သက်သာပါတယ်။

Source: www.twisted