အိမ်မှာ မုန့်ဖုတ်စက်လေးရှိတယ်ဆိုရင်တော့ အရသာရှိတဲ့ Mini Cheeseburger Cups လေးကို အလွယ်တကူလုပ်စားနိုင်မှာပဲ ဖြစ်ပါတယ်။ လုပ်ရတာလွယ်ပြီး အရသာလည်းရှိတာကြောင့် မိသားစုနဲ့အတူ လုပ်စားလို့ရသလို၊ အမြင်လေးကလည်း စားချင်စဖွယ်လေးဖြစ်တာကြောင့် ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးလို့လည်းရတဲ့အတွက် Try ကြည့်သင့်ပါတယ်နော်။

မီးဖိုပေါ်ကို အိုးတင်ပြီး ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ မီးကို အပူရှိန်လျှော့ထားပေးပါ။ နုတ်နုတ်ဆင်းထားတဲ့ ကြက်သွန်နီ – ပန်းကန်လုံးအသေးတစ်လုံးစာထည့်ပြီး မွှေပေးပါ။

ခဏနေရင်တော့ အမဲသား (ground beef) – ၄၅၅ ဂရမ်ထည့်ကြော်ပါမယ်။ အမဲသားမစားရင် ကြက်သား (သို့) ဝက်သားကို နုတ်နုတ်ဆင်းပြီး ထည့်လို့လည်း ရပါတယ်။

Ketchup ဆော့စ် – စားပွဲတင်ဇွန်း ၃ ဇွန်း၊ Mustard ဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ် ထည့်မွှေပြီး ကြော်ပေးပါ။ ရရင် ခူးထုတ်ထားပေးပါ။

ပန်းကန်လုံးအကြီးထဲကို ဂျုံမှုန့် – ခွက် ၂ ခွက်စာ၊ Baking powder – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်မွှေပါ။ နွားနို့ – ၁၈၀ မီလီမီတာနဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပြီး သမအောင်မွှေပါ။ နယ်ပါ။

သေချာသမအောင်မွှေပြီးနယ်ပြီးရင်တော့ ပုံစံခွက် Pan လေးထဲကို နည်းနည်းစီယူထည့်ရပါမယ်။

ပုံသွင်းပြီးသေချာထည့်ပြီးရင်တော့ ကြော်ထားတဲ့ အမဲသားကို တစ်ဇွန်းယူထည့်ပါမယ်။ ပြီးရင်တော့ မုန့်ဖုတ်စက်ထဲကို ၁၀ မိနစ် ထည့်ထားပေးပါ။

အချိန်ပြည့်လို့ မုန့်ဖုတ်စက်ထဲကထုတ်တာနဲ့ ချက်ချင်းပဲ ချိစ်အပြားတစ်ပြားစီ လိုက်တင်ပေးပါ။

ချိစ်အပြားတွေပျော်သွားပြီဆိုမှ Mustard ဆော့စ်နဲ့ Ketchup ဆော့စ်ကို ဖြူးပေးပါ။

ဒါဆိုရင်တော့ အရသာရှိပြီး စားချင်စဖွယ်လေးဖြစ်နေတဲ့ Mini Cheeseburger Cups ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: www.em’skitchen