ကိတ်ကြိုက်တဲ့သူတွေနဲ့ အချိုကြိုက်တဲ့သူတွေအတွက် အရသာရှိတဲ့ Mini ချိစ်ကိတ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ဘီစကစ် – ၁၀ ချပ်ကို ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ပြီးရင် ပန်းကန်ထဲထည့်ပါ။ အရည်ပျော်အောင်လုပ်ထားတဲ့ ထောပတ်အရည် – ခွက်ရဲ့ ၄ ပုံ ပုံ ၁ ပုံစာထည့်ပြီး သမအောင်နယ်ပါ။

မုန့်ဖုတ်မယ့် ပုံစံခွက်အသေးလေးထဲကို အောက်ခံစက္ကူခွက်လေးတွေထည့်ပြီး အဲ့ထဲကိုမှ နယ်ထားတာတွေ တစ်ဇွန်းစီထည့်ပြီး ဖိချပါ။

နောက်ထပ်ပန်းကန်ထဲကို ခရင်မ်ချိစ် – ၃၀၀ ဂရမ်ထည့်ပြီး မွှေစက်နဲ့ မွှေပေးပါ။ သကြား – ၁၀၀ ဂရမ် ထည့်ပြီး ခရင်မ်ပုံစံလေးဖြစ်သွားတဲ့အထိ မွှေပေးပါ။

ကြက်ဥ – ၂ လုံးထည့်ပြီး ထပ်မွှေပါ။ Vanilla Extract – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံပုရာရည် (သို့) သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစာ ထည့်ပြီး ထပ်မွှေပါ။

Sour Cream – ၁၈၅ ဂရမ်ထည့်ပြီး ထပ်မွှေပါ။ မွှေပြီးတာနဲ့ ခုနကထည့်တဲ့ ပုံစံခွက်လေးထဲကိုထည့်ပြီး မုန့်ဖုတ်စက်ထဲကို အပူချိန် ၃၂၀ ဒီဂရီ ဖာရင်ဟိုက်နဲ့ ၁၅ မိနစ်ထည့်ထားပေးပါ။

အချိန်ပြည့်တာနဲ့ အပြင်မှာခဏလောက်အအေးခံထားပါ။ ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ တစ်ညထည့်ထားရပါမယ်။

မနက်ရောက်ရင်တော့ အပြင်ထုတ်ပြီး အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာ အသီးလေးတွေတင်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Mini ချိစ်ကိတ်ကို ရရှိသွားပါပြီ။

Source: www.elmundoeats