အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချိစ်ကိတ် ကြိုက်နှစ်သက်သူများအတွက် မီနီချိစ်ကိတ် ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘီစကစ် ပန်းကန်လုံး ၁ လုံးခွဲစာ
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း (အရည်ဖျော်ထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ခရင်မ်ချိစ် ၈ အောင်စ
  • Sour ခရင်မ် စားပွဲတင်ဇွန်း ၈ ဇွန်း

  • ကြက်ဥ ၂ လုံး
  • Granulated သကြား စားပွဲတင်ဇွန်း ၈ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

ကိတ်မုန့်ဖုတ်မယ့် Muffin ခွက်ငယ်လေးများကို စက္ကူဖြင့် ခံထားလိုငက်ပါ။

၂။ အစာကြိတ်စက်ထဲသို့ ဘီစကစ်များ ချေထည့်လိုက်ပါ။ ထို့နောက် အမှုန့်များဖြစ်အောင် ချေပေးရပါမယ်။ ဒါမှမဟုတ် ဘီစကစ်များကို အိတ်ထဲထည့်ပြီး ဒလှိမ့်တုံးဖြင့် ချေမွလိုက်လို့လည်း ရပါတယ်။

ရရှိလာတဲ့ ဘီစကစ်အကြေအမှုန်လေးများကို ပန်းကန်လုံးထဲထည့်ပါ။ သကြားညို၊ အရည်ဖျော်ထားသော ထောပတ်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

ရရှိလာတဲ့ ဘီစကစ်အနှစ်များကို စားပွဲတင်ဇွန်း ၁ ဇွန်းခွဲစီ ခပ်ယူပြီးနောက် Muffin ခွက်ငယ်တစ်ခုချင်းဆီသို့ ထည့်လိုက်ပါ။

၃။ ခရင်မ်ချိစ်ကိုတော့ လျှပ်စစ်မွှေစက်ဖြင့် ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပေးလိုက်ပါ။ ထို့နောက် Sour ခရင်မ်၊ ကြက်ဥ၊ သကြား၊ ဗနီလာနှင့် သံပုယိုရည်တို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ခရင်မ်ချိစ်များကို Muffin ခွက်ငယ်များထဲသို့ အညီအမျှ ခွဲထည့်လိုက်ပါ။ ထို့နောက် Oven ထဲထည့်ကာ မိနစ် ၂၀ ခန့် ထည့်ဖုတ်လိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ Oven ထဲက ထုတ်ကာ အအေးခံထားလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲထည့်ကာ ၃ နာရီခန့် အအေးခံထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ မီနီချိစ်ကိတ်လေးများ ရရှိသွားပါပြီ။

Ssource: Mamaknowsglutenfree.com