ကြက်သားဟင်းဆိုတာ နေ့စဉ်ချက်ပြုတ်စားသောက်နေတဲ့ ဟင်းလျာတွေထဲမှာပါကိုပါဝင်နေတဲ့ ဟင်းကောင်းတစ်မျိုးပေါ့။ ဒါပေမယ့် ကြက်သားကိုချက်တဲ့အခါမျိုးတွေမှာ နည်းလမ်းမှားတာမျိုးတွေမရှိရလေအောင် သိထားသင့်တာတွေကို ဗဟုသုတအနေနဲ့ဖော်ပြပေးချင်ပါတယ်။

အရသာစိမ့်ဝင်ဖို့အတွက်

အိမ်ရှင်မတော်တော်များများက ဟင်းချက်ရင်အကြာကြီးချက်ကြတာများတယ်လေ။ ဒီလိုမျိုးဆိုရင် အကြာကြီးချက်တဲ့အခါမှာ ကြက်သားမှာအရသာသိပ်မဝင်တာမျိုးတွေ ရှိတတ်တာကြောင့် မချက်ခင်တစ်နာရီလောက်အလိုမှာထဲက ကြက်သားကိုအရသာမှုန့်တွေနဲ့ သေချာနယ်ပြီးတော့စိမ်ထားလိုက်ပါ။ ပြီးမှချက်မယ်ဆိုရင် ကြက်သားမှာလည်းအရသာစိမ့်ဝင်နေတော့ ပိုပြီးတော့စားလို့ကောင်းတာပေါ့။

ကြက်သားတွေအများကြီးချက်တာ

ဒယ်အိုးထဲမှာ ကြက်သားတွေကျပ်ညပ်နေအောင် ထည့်ပြီးတော့ချက်တာက ချက်နေတဲ့အချိန်မှာလည်း အဆင်မပြေသလို ကြက်သားတွေကိုသေချာကျက်စေဖို့အတွက်လည်း အခက်အခဲရှိပါတယ်။ ကြက်သားကိုသေချာမွှေပြီး ချက်တဲ့အချိန်တွေမှာ အဆင်မပြေနိုင်တော့ ကြက်သားတွေကို ညီညီညာညာကျက်ဖို့အတွက်လည်း အခက်အခဲဖြစ်စေနိုင်ပါတယ်။

ကြက်သားတွေကိုကင်တော့မယ်ဆိုရင်

ကြက်သားတွေကိုကင်ပြီးတော့စားမယ်ဆိုရင် ကင်မယ့်အိုးပြားကို သန့်စင်နေအောင်လုပ်ပေးဖို့လိုပါတယ်။ ဒါမှာ ကြက်ကင်လေးကစားလို့ကောင်းပြီး အသားကိုလည်းကောင်းကောင်းကျက်နေစေမှာပါ။

ကြက်သားဟင်းချက်တဲ့အခါမှာ

ကြက်သားကိုချက်ပြီဆိုရင် အိုးထဲထည့်ပြီး ခဏခဏမွှေတာမျိုးတွေကို မလုပ်သင့်ပါဘူး။ ဒီလိုမျိုးလုပ်တာက ကြက်သားကို ကောင်းကောင်း မကျက်စေပဲ စားတဲ့အခါမှာလည်း သိပ်ပြီးတော့အရသာလည်း ပြည့်စုံနေမှာမဟုတ်တော့ပါဘူး။

Photo Source: Unsplash