ပိတ်ရက်တွေမှာဖြစ်ဖြစ်၊ ထမင်းနဲ့ဟင်း သပ်သပ်စီ မစားချင်တဲ့အချိန်တွေမှာ အလွယ်တကူလုပ်စားနိုင်မယ့် ဇလုံထမင်းနယ်လေးစားပါအုန်း။
ပါဝင်ပစ္စည်းများ
- ထမင်းဖြူ
- ကြက်သဲမြစ်အနှစ်များများ
- ငပိရည်
- ငပိရဘဲဥ – ၃လုံး
- ကြက်သွန်နီ
- ခရမ်းချဉ်သီး
ပြင်ဆင်ပြုလုပ်နည်း
- ဇလုံထဲ ထမင်းဖြူထည့်ပြီး မနက်က ချက်တဲ့ ကြက်သဲမြစ်အနှစ်များများ နဲ့ ငပိရည် ထည့်နယ်ပြီး ဘဲဥ ၃လုံးကို ကြက်သွန်နီလေးနဲ့ ကြော်တစ်ပုံရယ် ၊ ကြက်သဲမြစ်လေးရယ် ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးလေးတွေ ပုံပြီး မောင်နှမတွေ ဝိုင်းစားလို့ ရပါတယ် ။ ရေခဲရေ မအေးတအေးလေးနဲ့ဆို စားတဲ့ ထမင်းလေးနဲ့ စာမြိန်သွားမှာဖြစ်ပါတယ် ။
Credit: Ohnmar Kyi