အရသာလေးက မေ့မရနိုင်သလို အနံ့လေးကလည်း အမှတ်တရဖြစ်စေသော ဘဲသားချိုစပ်လေးကို ခေါက်ဆွဲ၊ ထမင်းတို့ဖြင့် တွဲစားလို့လိုက်ဖက်တာကြောင့် အားလုံးအတွက် ချက်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ (ဆီသတ်ရန်)
- ကြက်သွန်ဖြူ – ၅ မြွှာ (ညက်ညက်လေးထောင်းထားပါ)
- ကြက်သွန်နီ – ၅ လုံး (ညက်ညက်လေးထောင်းထားပါ)
- ချင်း – လက်တစ်ဆစ်ခွဲ (ထောင်းထားပါ)
- ချင်းပင် – ၃ ပင် (ထုပြီး ထုံးထားပါ)
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သံလွင်ဆီ – စားပွဲဇွန်း ၅ ဇွန်း
- ငရုတ်သီးခြောက် – ၁ဝ တောင့်
- ကရဝေးရွက် – ၂ ရွက်
- သစ်ကြံပိုးခေါက် – ၁ ခေါက်
- ဖာလာစေ့ – ၄ စေ့
- (ဘဲသား နယ်နှပ်ထားရန် ပါဝင်ပစ္စည်းများ)
- ဘဲသား – ၅ဝ ကျပ်သား (အတုံးအနေတော်တုံးထားပါ)
- နနွင်းမှုန့် – အနည်းငယ်
- ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည်အကျဲ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည်အချို – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ဟင်းခတ်မှုန့်စုံ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ဝိုင် – စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
- ဘဲသားနယ်နှပ်ရန် ပါဝင်ပစ္စည်းများအားလုံး ဖန်ဇလုံထဲထည့်ပြီး ၃ဝ မိနစ်လောက်နှပ်ထားပါ။ မကပ်သောအိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။ မွှေးပြီး အရောင်တက်လာသည်အထိ တည်ပါ။
- အနှစ်ထဲ ဘဲသားထည့်ပါ။ အသားနှင့် အနှစ်လုံးပါ။
- အသားတုံးများ ရွှေရောင်သမ်းလာလျှင် ဘဲတုံးအမြုပ် ရေထည့်ပါ။ မီးအနေတော်ဖြင့် အဖုံးအုပ်ပြီး ရေခန်းပြီး ဆီပြန်လာသည်အထိ တည်ပါ။ မကြာခဏမွှေပေးပါ။
- အနှစ်အရသာဝင်အောင် သေချာမွှေပေးပါ။ ရေခန်းသွားလျှင် ဆားမြည်းပါ။ လိုတာထပ်ဖြည့်ပါ။
- အသားတုံးနူးအိခြင်း ရှိ မရှိ ခက်ရင်းလေးဖြင့် ထိုးကြည့်ပါ။ အသားတုံး မနူးသေးလျှင် ရေထပ်ထည့်ပြီး တည်ပါ။ ရေခန်းပြီး အဆီပြန်အောင် တည်ပါ။ အုန်းထမင်း၊ ထမင်းဖြူတို့ဖြင့်လည်း တွဲဖက်သုံးဆောင်လျှင်လည်း အဆင်ပြေကောင်းမွန်ပါတယ်။