အားလုံးပဲ မင်္ဂလာပါ။ ချောကလက်ကိတ်ရဲ့အလယ်ဗဟိုတည့်တည့်မှာ ချောကလက်ရည်လေး စုအောင်းနေတဲ့ ချောကလက်ကိတ် ပြင်ဆင်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ချောကလက်ခဲ သေးသေးလေးများ ၆ အောင်စ
  • ကြက်ဥ ၂ လုံးနှင့် ကြက်ဥအနှစ် ၂ လုံး
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

  • ဗနီလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကိတ်မုန့်ဖုတ်မယ့် ခွက်ငယ်လေးများကို ထောပတ်ဖြင့် သုတ်လိမ်းပြီးနောက် ဂျုံမငန့်အနည်းငယ်ဖြင့် ဖြူးထည့်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ချောကလက်နှင့် ထောပတ်များ ထည့်ထားလိုက်ပါ။

ဒယ်အိုးအသေးတစ်လုံးထဲသို့ ရေ တစ်ခွက်ထည့်ပြီး အပူပေးပါ။ ထိုအိုးပေါ်တွင် ချောကလက်ပန်းကန်လုံးတင်ထားကာ ချောကလက်နှင့် ထောပတ်များ အရည်ပျော်သွားသည်အထိ မွှေပေးလိုက်ပါ။

အရည်ပျော်သွားတဲ့အခါမှာတော့ အိုးပေါ်ကနေ ဂရုတစိုက် ဖယ်ရှားလိုက်ပါ။

၃။ အခြားပန်းကန်လုံးထဲတွင် ကြက်ဥ ၂ လုံး၊ ကြက်ဥ အနှစ် ၂ လုံး၊ သကြား၊ ဆားတို့ထည့်ကာ လျှပ်စစ်မွှေစက်ဖြင့် အရှိန်ပြင်းပြင်းဖွင့်ကာ ၅ မိနစ်ခန့် မွှေပါ။

၄။ ထိုကြက်ဥအရောအနှောကာ ခရင်မ်ပုံသဏ္ဍာန် ထူထူပျစ်ပျစ်လေးဖြစ်သွားပြီး အဝါဖျော့ရောင်ပြောင်းသွားတဲ့အခါ စောစောက ချောကလက်ဖျော်ရည်လောင်းထည့်လိုက်ပါ။ ဗနီလာထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းခန့်ထည့်ကာ သမအောင် ထပ်နယ်လိုက်ပါ။

၅။ ရရှိလာတဲ့ချောကလက်မုန့်နှစ်များကို ကိတ်မုန့်ပုံစံခွက်ငယ်များထဲသို့ အညီအမျှ ခွဲထည့်ကာ ၄၅၀ ဒီဂရိဖြင့် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ ၁၀ မိနစ်၊ ၁၂ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက ၁ နာရီခန့် အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး ချောကလက်ရည်လေးများ ခိုအောင်းနေတဲ့ ချောကလက်ကိတ်လေး ရရှိသွားပါပြီ။

ရေခဲမုန့်လေးနဲ့ တွဲဖက်စားသုံးပါက အင်မတန်လိုက်ဖက်မှုရှိပါတယ်။

Source: Natashaskitchen.com