မင်္ဂလာပါ Foodies လေးတို့ရေ။ ချောကလက်အရည် ပျစ်ပျစ်လေးတွေ တသွင်သွင်စီးကျနေတဲ့ ချောကလက်ကိတ်လေး မစားချင်ကြဘူးလား။ အဲ့ဒီချောကလက်ကိတ်လေးကို မိမိအိမ်မှာ လက်တည့်စမ်းရင်း ကိုယ်တိုင်ကိုယ်ကျ ကိတ်မုန့် မဖုတ်ကြည့်ချင်ကြဘူးလား။

ဒါဆိုရင်တော့ ပါဝင်ပစ္စည်း အနည်းအကျဉ်းလေးနဲ့ အရသာရှိတဲ့ ချောကလက်ကိတ်ကို ဘယ်လိုဖုတ်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • သကြား ၈၀ ဂရမ်
  • ကြက်ဥ ၃ လုံး
  • ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဆားအနည်းငယ်

  • ချောကလက် ၁၂၀ ဂရမ်
  • ထောပတ် ၆၀ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ဇလုံအကြီး တစ်လုံးထဲတွင် ကြက်ဥ ၃ လုံး ဖောက်ထည့်ပြီးနောက် သကြား၊ ကော်ဖီမှုန့်နဲ့ ဆားတို့ ထည့်ကာ ၂ မိနစ်ခန့် မွှေခလောက်လိုက်ပါ။

၃။ ချောကလက်တောင့်နဲ့ ထောပတ်များကို အတုံးသေးများဖြစ်အောင် ချေပြီးတဲ့နောက် Microwave ထဲ ထည့်လို့ရမယ့် ပန်းကန်လုံးထဲထည့်ကာ Microwave ထဲမှာ စက္ကန့် ၂၀ ခန့် ထည့်ထားလိုက်ပါ။ ပုံထဲကအတိုင်း ချောကလက်ရည်လေး ရလာပါလိမ့်မယ်။

၄။ ရရှိလာတဲ့ ချောကလက် ထောပတ်ရည်များကို ကြက်ဥအရောက်အနှောထဲ ထည့်ကာ သမအောင် မွှေခလောက်လိုက်ပါ။

၅။ ထို့နောက် ဂျုံမှုန့်များကို ကြက်ဥ ချောကလက် အရောအနှောထဲ ထည့်က သမအောင် ထပ်မံမွှေခလောက်ပေးရပါမယ်။

၆။ ရရှိလာတဲ့ အရည်ကို ကိတ်မုန့်ဖုတ်မယ့် ပုံစံခွက်ငယ်ထဲ လောင်းထည့်လိုက်ပါ။ ထို့နောက် Oven ထဲထည့်ဖုတ်ရမယ့် လင်ဗန်းပြားပေါ် တင်ပြီးနောက် Oven ထဲမှာ ၁၁ မိနစ်ခန့် ထည့်ဖုတ်လိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါ Oven ထဲက ထုတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ ချောကလက်ရည်တွေနဲ့ ပြည့်နေတဲ့ အရသာရှိသော ချောကလက်ကိတ် အချိုပွဲကို ကော်ဖီနဲ့ပဲဖြစ်ဖြစ်၊ နွားနို့နဲ့ပဲဖြစ်ဖြစ် အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

Source: Zoomyummy.com