အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ ဝက်သားဖက်ထုပ်ပေါင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ပုစွန် ဝ.၅ ပေါင် (အခွံခွာထားပါ)
  • နုပ်နုပ်စဉ်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပင်လယ်ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • မုန်ညှင်းထုပ် ၄၅၀ ဂရမ်
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျုံပြား ၁ ထုပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သား၊ ပုစွန်၊ ဂျင်း၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ မုန်ညှင်းရွက်ကို တစ်ဝက်စီလှီးဖြတ်ပြီးနောက် အပေါ်အရွက်ကို ပေါင်းအိုးထဲထည့်ထားပါ။ အောက်ဖျားပိုင်းက အရွက်ကိုတော့ နုပ်နုပ်စဉ်းထားလိုက်ပါ။

၂။ နုပ်နုပ်စဉ်းထားသော မုန်ညှင်းရွက်များကို ဆားဖြင့် နယ်ထားပြီးနောက် ၁၀ မိနစ်ခန့် သိပ်ထားလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်နှင့် နှမ်းဆီတို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။ ထို့နောက် ဝက်သားအရောအနှောဖြင့် သမအောင် ထပ်နယ်ပေးလိုက်ပါ။

၃။ ထို့နောက် ဂျုံပြားအလယ်တည့်တည့်တွင် ဝက်သား အစာသွပ်များ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ကာ ဂျုံပြားကို လခြမ်းပုံသဏ္ဍာန် လိပ်ပေးလိုက်ပါ။ ထို့နောက် ပေါင်းအိုးထဲထည့်ထားသော မုန်ညှင်းရွက်ပေါ်တွင် တင်ထားလိုက်ပါ။

၄။ ထို့နောက် ပေါင်းအိုးထဲတွင် ၁၀ မိနစ်ခန့် ထည့်ပေါင်းပေးလိုက်ပါ။ (၁၀) မိနစ်ပြည့်ပါက အရသာရှိတဲ့ ဝက်သားဖက်ထုပ်ပေါင်းလေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com