ပါဝင်ပစ္စည်းများ
- ငါး
- ငါးဖယ်ကြော်
- မုန့်တီဖတ်
- ဘဲဥ
- ဆား
Source: Not Eating Out in New York
- ဆနွင်း
- ဂျင်း
- ကြက်သွန်ဖြူ
- ပုဇွန်ငပိ
- ငရုတ်သီးစိမ်း
- ငရုတ်ကောင်း
- ပတဲကော
- နံနံပင်
ပြုလုပ်နည်း
- ငါးကို သန့်စင်ပြီး ဆား၊ ဆနွင်းနဲ့ ရေနဲနဲ ထည့်ပြုတ်ပါ။ ကျက်တော့ အသားသင်ပြီး တစ်ဝက်ကို ဂျင်း၊ ကြက်သွန်ဖြူ နဲ့ ရေခြောက်အောင် လှော်ပြီး အရိုးပြုပ်ရည် အိုးထဲထည့်ပါ။
- ဟင်းရည်အိုး ဆူအောင် တည်ပြီး ပုဇွန်ငပိ ကို ရေဖျော်ပြီး အရေကြည်လေးပဲ စစ်ထည့်ပါ။
- အချိုအငံ မြည်းပြီး ငရုတ်ကောင်း၊ ပတဲကော ထည့်လိုက်လျှင် အာပူဟင်းရည် ရပါပြီ။
- ငရုတ်သီးစိမ်းများများ ထောင်းထားပါ။
- စားမည့် ပုဂံလုံးထဲတွင် မုန့်တီဖတ်ပေါ်တွင် အာပူဟင်းရည် ထည့်၍ ငါးဖယ်ကြော်၊ ငရုတ်သီးစိမ်းထောင်းကို လိုသလိုထည့်စားနိုင်ပါသည်။
Credit: Daw Suu Suu