ပါဝင်ပစ္စည်းများ
- ဆန်မှုန့်
- စားတော်ပဲ
- နံနံပင်
- ဆီ၊ ဆား
- ရေ
ပြင်ဆင်ပြုလုပ်နည်း
ဆန်မှုန့်လေးကို ရေနှင့်မပြစ်မကျဲလေးဖျော်ပါ။ ဆား အနည်းငယ် ထည့်ပါ။ ဆီရိုက်ဒုတ်လေးလဲ အဆင်သင့် လုပ်ထားပါ။
စားတော်ပဲ နှင့် နံနံပင်ကို အဆင်သင့်ပြုလုပ်ထားပါ။ အိုးလေးကို မီးပျော့ပျော့မှာ တင်ပြီး ဖျော်ထားတဲ့မုန်ရည်ကို ဇွန်းနဲ့လောင်းထဲ့ပါ။
အပေါ်ကနေ ပဲ နှင့် နံနံပင်ကို ဖြူးထည့်ပြီးလျှင် အဖုံးကို အုပ်ထားပါ။ အပေါ်မျက်နှာပြင် တင်းလာလျှင် အဆင့်သင့် ပြုလုပ်ထားတဲ့ ဆီရိုက်တံလေး နှင့် ဆီကို မုန့်ပေါ်တို့ပေးရပါမယ်။
ယောင်းမအပြားလေးနဲ့ မုန့်ကို ကော်ကြည့်ပါ၊ ရပြီဆိုလျှင်မုန့်မျက်နှာပြင်ကို ဆီလေးနဲ့ထပ်ရိုက်ပါ။ ဆီနံ့မွှေးမွှေလေး နှင့် မုန့်ပစ်သလက် ပူပူနွေးနွေးလေး ရပါပြီ။
Credit: Than Than Yin