စာဖတ်သူတို့ရေ ဟင်းသီးဟင်းရွက်တွေထဲမှာ ဘယ်တစ်ခုကို အကြိုက်ဆုံးလဲရှင့်။ တချို့တွေက ကြက်သွန်နီကြက်သွန်ဖြူတွေကြိုက်ကြလို့ ဒီအတိုင်းလည်း အစိမ်းစားကြတာလည်းရှိပါတယ်နော်။
ဒါပေမယ့် ကိုယ်ကတော့ ခရမ်းချဉ်သီးကြိုက်သူဖြစ်ပြီး ဘယ်ဟင်းချက်ချက် ခရမ်းချဉ်သီးကို မပါမဖြစ်ထည့်လေ့ရှိတယ်ဆိုရင်တော့ ဒီဟင်းလျာလေးက ကွက်တိကျနိုင်ပါတယ်။
ကဲ..ဒါဆိုရင် ချက်နည်းလေးကို အခုပဲကြည့်လိုက်ရအောင်ပါ။
လိုအပ်သည့်ပစ္စည်းများ
- သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း
- ကြက်သွန်နီ (နုပ်နုပ်စဉ်း) – ၁ လုံး
- ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း) – ၄ မြွှာ
- ခရမ်းချဉ်သီးအနှစ်ဘူး – ၂၈ အောင်စ ဘူး
- ဆား၊ ငရုပ်ကောင်း
- ကြက်ဥ – ၄ လုံး
- တရုတ်နံနံ
- ပေါင်မုန့်
ပြင်ဆင်ပြုလုပ်ပုံ
အနေတော်အရွယ်အစားရှိတဲ့ လက်ကိုင်တပ်ဒယ်အိုးထဲမှာ ဆီထည့်အပူပေးကာ ကြက်သွန်နီ၊ အဖြူတို့ကို နွမ်းလာသည်အထိ ချက်ပေးပါ။
နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးအနှစ်တွေ ဖောက်ထည့်လိုက်ပါ။
ဆား၊ ငရုပ်ကောင်းလေးတွေ သင့်တင့်ရုံလောက် ထည့်ပေးပါ။
သေချာမွှေပေးပြီး ကျဲနေတယ်လို့ထင်ရရင် ၁၀ မိနစ်လောက် မီးအနေတော်မှာ ထားပေးပါ။ ချက်နေချိန်မှာ ခရမ်းချဉ်သီးအနှစ်တွေ ပေါက်ပြီးလာစင်နိုင်သည့်အတွက်ကြောင့် အပေါ်က အဖုံးအုပ်ပေးထားလိုက်ပါ။
ခရမ်းချဉ်သီးအနှစ်က ပျစ်သွားပြီဆိုရင်တော့ အပေါက်လေးတွေလိုက်လုပ်ကာ ကြက်ဥတစ်လုံးစီ ဖောက်ထည့်ပေးလိုက်ပါ။
မီးကိုလျော့ချလိုက်ပြီး ကြက်ဥတွေကျက်သွားဖို့အတွက် အပေါ်ကအဖုံးအုပ်ပေးလိုက်ပါ။
အကာတွေကျက်သွားပြီဆိုရင်တော့ အပေါ်ကနေ နံနံပင်လေးတွေဖြူးပေးလိုက်ပါ။ အရသာရှိတဲ့ ဟင်းလျာလေးရပါပြီ။
Source: tastykitchen.com