မင်္ဂလာပါနော်။ စမူဆာပူပူလေး စားရတာ ကြိုက်ကြလားရှင့်။ စမူဆာက ကမ္ဘာနဲ့ အဝှမ်းမှာ လူကြိုက်များတဲ့ အစားအစာဖြစ်ပါတယ်။

အပြင်မှာ ဝယ်စားတာထက် မိမိကိုယ်ကို လုပ်စားချင်သူတွေအတွက် ဒီတခါမှာတော့ စမူဆာလုပ်နည်းလေးကို မျှဝေပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်း

  • ဂျုံမှုန့် ၂ ခွက် မှ ၄ ခွက်
  • စမူဆာ ကြော်ဖို့ ဆီ ၃ ခွက် မှ ၄ ခွက်
  • မှုန့်ညှက်လုပ်ဖို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • ရေနွေး

  • ငရုတ်ကောင်းမှုန့်
  • ကြက်သွန်နီ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • အာလူး ၃ လုံး (မထည့်ချင်လည်းရပါတယ်။)
  • ကြက်သွန်ဖြူ ၁ တောင့်

  • ဂျင်း ၁ လက်မ
  • နံနံပင် အနည်းငယ်
  • မိမိနှစ်သက်တဲ့ အသား တောက်တောက်စဉ်း အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဂျင်းတွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုထောင်းလိုက်ပါ။ အာလူးကို အတုံးသေးသေးလေးလှီးလိုက်ပါ။ နံနံပင်ကို ပါးပါးလှီးလိုက်ပါ။ ပြီးရင် အသားကို ဆားနဲ့နယ်ပေးထားပါ။

ဆီကိုအပူပေးပြီး ကြက်သွန်နီ ကြက်သွန်ဖြူထည့်ပြီး မွှေးအောင်ကြော်ပါ။ အဲဒီနောက် အာလူးထည့်ကြော်ပါ။ ပြီးရင် အသားထည့်ပါ။ အဲဒီနောက် ဂျင်းနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး သေချာမွေပါ။

ရေနည်းနည်းထည့်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပါ။ ရေခမ်းသွားရင် ရပါပြီနော်။

ဂျုံကို ရေနွေးဆူဆူထည့်ပြီး ဇွန်းနဲ့ သေချာမွှေပေးပါ။ ခပ်ကြာကြာလေး မွှေပေးပါ။ အပူလျော့သွားရင် လက်နဲ့ သေချာလေး နယ်ပေးရပါတယ်။ ဆားနည်းနည်းထည့်ပါ။ ဆီနည်းနည်းထည့်ပါ။ ပြီးရင် လက်နဲ့ သေချာလေး နှံ့စပ်အောင်မွေပါ။ အရမ်းမကပ်ပါစေနဲ့။ ဒါပေမယ့် ဆွဲလိုက်ရင် ပါလာတာမျိုးက ပိုကောင်းပါတယ်။

ရပြီဆိုရင် အလုံးသေးသေးလေး လုံးလိုက်ပြီး အပြားလေးထပ်လုပ်ပါ။ ပြီးရင်တော့ အဲဒါကို Pan အိုးထဲထည့်လိုက်ပြီး အခြောက်ခံလိုက်ပါ။ မီးအပူကို လျှော့ထားပါ။ အဲဒီလိုဆိုပိုပြီးလိပ်လို့ လွယ်ကူသွားမှာဖြစ်ပါတယ်။

ပြီးရင့် အခုပုံမှာပြထားသလို ကန်တော့ခွက်လိုမျိုး လိပ်ပေးလိုက်ပါ။

ပြီးရင်စောစောက ကြော်ထားတဲ့ အသားထည့်လိုက်ပါ။ အဲဒီနောက် ပြန်ပိတ်ပြီး ဆီပူပူထဲ ထည့်ကြော်ပါ။

ကိုယ့်ဘာသာကိုယ် အိမ်မှာလုပ်စားတာဆိုတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး အရသာပိုရှိမှာ သေချာပါတယ်နော်။