Hotdog တို့၊ corndog တို့ကို ကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ပေါင်မုန့်နဲ့ အသားညှပ်ကြော်သလိုမျိုး ကြော်စားလို့ရအောင် အရသာရှိတဲ့ ချိစ် corndog ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

စတင်ပြုလုပ်ဖို့ corndog ၃ ချောင်းကို ၄ ပိုင်းပိုင်းပါ။ ပြီးရင်တော့ ဒယ်အိုးထဲကို ထောပတ်ထည့်ပြီး ထောပတ်အရည်ပျော်တာနဲ့ လှီးထားတဲ့ corndog တွေ ထည့်ကြော်ပါမယ်။ ကြော်ပြီးရင် ခူးထုတ်ထားပါ။

ချိစ်ကိုမှ mozzarella ချိစ် အတုံးလေးတစ်တုံးကို သေးသေးလေးတွေလှီးပေးပါ။ ပြီးတာနဲ့ တုတ်ချောင်းနဲ့ corndog တစ်ခုထိုး၊ ချိစ်တစ်ခုထိုးပြီး ပုံမှာပြထားတဲ့အတိုင်း ရသလောက်လေး လုပ်ပေးပါ။

ပေါင်မုန့် ၂ ချပ်ကို ထောပတ်သုတ်ပြီး ခုနကတုတ်ချောင်းနဲ့ထိုးထားတာတွေကို ပေါင်မုန့် ၂ ချပ်ကြား ညှပ်ပါမယ်။ ပြီးတာနဲ့ ဓားနဲ့ ပိုင်းပြီး ကြော်ပါမယ်။

ကြော်တဲ့အခါမှာ ဒယ်အိုးထဲကို ထောပတ်ထည့်ပြီးပဲ ကြော်ပါမယ်။

ကြော်ပြီးသွားရင်တော့ အရသာရှိတဲ့ ချိစ် corndog ကို ရရှိသွားပါပြီ။

Source: www.funcookingwithyackikuka