ချိစ်ကြိုက်တဲ့သူတွေအတွက် ချိစ်ကြက်သွန်နီကွင်းကြော် (Mozzarella Onion Rings) ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ချိစ်ကြက်သွန်နီကွင်းကြော်ပြုလုပ်ဖို့ Mozzarella ချိစ်၊ ကြက်သွန်နီအလုံးကြီး၊ ဂျုံမှုန့်၊ ကြက်ဥနဲ့ Bread Crumbs တို့ လိုပါတယ်။

Mozzarella ကို အချပ်လေးတွေဖြစ်အောင် လှီးထားပါ။

ကြက်သွန်နီအလုံးကြီးကို ပုံမှာပြထားတဲ့အရွယ်လောက် အကွင်းလေးတွေရအောင် လှီးပေးပါ။

လှီးထားတဲ့ ကြက်သွန်နီကွင်း အကြီးနဲ့ အသေးကို နှစ်ထပ်လုပ်ပြီး ကြားထဲမှာ လှီးထားတဲ့ ချိစ်လေးတွေ လိုက်ထည့်ပေးပါ။

အားလုံးလုပ်ပြီးသွားရင် ဂျုံမှုန့်ထည့်ထားတဲ့ပန်းကန်ရယ် Bread Crumbs ထည့်ထားတဲ့ ပန်းကန်ရယ်ကို အဆင်သင့်ချထားပါ။ ကြက်ဥ ၂ လုံးကိုလည်း ပန်းကန်ထဲ ထည့်ခလောက်ထားပါ။

အဆင်သင့်လုပ်ထားတဲ့ ကြက်သွန်နီကွင်းတွေကို တစ်ခုချင်းစီယူပြီး ဂျုံမှုန့်ပန်းကန်ထဲ အရင်ထည့်နယ်ပါ။ ပြီးရင် ကြက်ဥပန်းကန်ထဲ ထည့်စိမ်ပါ။ ပြီးရင်တော့ Bread Crumbs ပန်းကန်ထဲ ထည့်နယ်ပါ။

အားလုံးပြီးရင်တော့ ဆီအိုးထဲ ထည့်ကြော်ရုံပါပဲ။

ရပြီဆိုရင်တော့ ပန်းကန်ထဲခူးထည့်ပြီး ကိုယ်နှစ်သက်ရာအချဉ်နဲ့ တို့စားနိုင်ပါပြီ။

Source: www.nino’shome