ထမင်းစားလည်းမြိန်တယ်။ လွယ်လည်း လွယ်ကူတဲ့ ကြက်သားနဲ့ချက်ထားတဲ့ ချက်နည်းလေးပါ ။ ကြက်သားမပါဘဲ ချက်လည်းရသလို နှစ်သက်ရာ အသားထည့်ချက်လို့ ရပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ရင်ဖုံ – တခြမ်း
- မှို – 250g
- ငရုတ်သီးစိမ်း စပ်စပ် – ၅တောင့်
- ငပိ – အနည်းငယ်
- Lemon/သံပုရာ အရည် – အနည်းငယ်
- ဆား – အနည်းငယ်
- ငံပြာရည် – အနည်းငယ်
- ကြက်သွန်ဖြူ – အနည်းငယ်
- ဆီ – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
ကြက်သွန်ဖြူကို အနည်းငယ် ထုထောင်းပြီး ဆီပူနေသော အိုးထဲသို့ ထည့်ပါ။ အတုံးတုံးလေးများ လှီးထားသော ကြက်သားကို ထည့်ပါ။ ကြက်သား ကျက်ပါက မှိုကိုထည့်ပါ။ ငပိကိုထည့်ပါ။ ငရုတ်သီးစိမ်းကို ထုထောင်း၍ ထည့်ပါ။ မွှေပြီး အဖုံးအုပ်ထားပါ။ ၅မိနစ်လောက်အကြာ ငံပြာရည်၊ ဆား၊ လီမွန်ရည်ထည့် ရေအနည်းငယ်ထည့်ပြီး ရေဆူလာသည်အထိ အဖုံးအုပ်ပေးထားပါ။ မှိုကျက်ရင်ရပါပြီ။ အရသာရှိရှိ သုံးဆောင်နိုင်ပါသည်။
Credit: Annabelle Ninth