အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ မှိုနဲ့ အာလူးတို့ရောချက်ထားတဲ့ ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှို ၂၀၀ ဂရမ် (ရေနွေးပူဖြင့် ဆေးကြောသန့်စင်ပါ)
  • အာလူး ၄ လုံး (အတုံးကြီးကြီး တုံးထားပါ)
  • အုန်းနို့ခရင်မ် ၁၅၀ မီလီလီတာ
  • ဆားနှင့် သကြား အနည်းငယ်
  • ရေ အနည်းငယ်

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • စပါးလင် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာပါက ငရုတ်သီးမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ စပါးလင်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၂။ ထို့နောက် မှိုနှင့် အာလူးတို့ထည့်ကာ သမသည်အထိ မွှေပါ။ အာလူးနှင့် မှိုတို့ မြှုပ်သွားသည်အထိ ရေ ထည့်ပါ။ ထို့နောက် ပွက်ပွက်ဆူလာသည်အထိ တည်ထားပါ။ ပွက်ပွက်ဆူလာပါက မီးအပူ လျော့ချပြီးနောက် အာလူးများ နူးအိသွားသည်အထိ တည်ပါ။

၃။ ထို့နောက် အုန်းနို့ခရင်မ် ထည့်ပါ။ ဆားနှင့် သကြားတို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အရသာအစပ်အဟပ် တည့်သွားပါက အရသာရှိတဲ့ မှို အာလူးဟင်းလေး ရရှိသွားပါပြီ။

Source: Mintyskitchen.blogspot.com