အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ မှို ဝက်အူချောင်း ကြက်ဥကြော်ဟင်းလျာပဲဖြစ်ပါတယ်။ ဟင်းလျာအဖြစ်နဲ့လည်း စားသုံးနိုင်သလို ချိစ်အရသာလည်း ပါဝင်တဲ့အတွက်ကြောင့် အဆာပြေမုန့်အနေနဲ့လည်း စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၆ လုံး
  • ဝက်အူချောင်း ၃ ချောင်း
  • ချိစ် ၁၁၃ ဂရမ် (အချောင်းငယ်များ လှီးဖြတ်ထားပါ)
  • မှို ၃ အောင်စ (၇၅ ဂရမ်) ပါးပါးလှီးထားပါ
  • ကြက်သွန်နီ ၁ ခြမ်း (ပါးပါးလှီးထားပါ)

  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်အူချောင်းများကို ပါးပါးလှီးပြီးနောက် ဒယ်အိုးထဲတွင် တစ်မိနစ်ခန့် ကြော်လိုက်ပါ။

၂။ ထိုဒယ်အိုးထဲသို့ ကြက်သွန်နီနှင့် မှိုတို့ထည့်ကာ ၅ မိနစ်ခန့် သမအောင် မွှေကြော်ပေးလိုက်ပါ။

ထိုအချိန်တွင် ကြက်ဥ ၆ လုံးကို ပန်းကန်လုံးတစ်လုံးထဲတွင် သမအောင် မွှေခလောက်ထားလိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။ ဝက်အူချောင်းကလည်း ကျက်သွားပြီ ကြက်သွန်နီကလည်း ပျော့သွားပြီဆိုရင်တော့ ကြက်ဥများကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပါ။

၄။ ကြက်ဥများ ကျက်သွားသည်အထိ ၁ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် ချိစ်များကို ကြက်ဥအပေါ်သို့ ဖြူးထည့်လိုက်ပါ။

၅။ ထို့နောက် ချိစ်များ အရည်ပျော်သွားသည်အထိ ၃ မိနစ်မှ ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

ချိစ် ဖြူးထည့်ထားသော ကြက်ဥ မျက်နှာပြင်က ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

Source: Jocooks.com