အိမ်မှာ ဟင်းချက်ရတဲ့သူတိုင်း တစ်နေ့တစ်နေ့ ဟင်းချက်တာ ဘာချက်ရမလဲလို့ အမြဲတမ်းစဉ်းစားနေတတ်ကြပါတယ်။ အသားဟင်းကိုပဲစဉ်းစားမနေဘဲ အရွက်လေးကြော်စားမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲရှင့်။

ထမင်းပူပူ မှိုကန်ဇွန်းရွက်ကြော် ပူပူလေးနဲ့ဆိုရင် ထမင်းစားမြိန်မှာသေချာပါတယ်။

ပါဝင်ပစ္စည်း

  • မှို ၁၀ ကျပ်သား
  • ကန်ဇွန်းရွက် ၁ စည်း
  • ဆား
  • ဟင်းခတ်မှုန့်
  • ခရုဆီ

  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုတ်သီးအစိမ်း
  • ဆီ

ချက်နည်း

အရင်ဆုံး ကန်ဇွန်းရွက်ကို သေချာလေး ချွေပေးလိုက်ပါ။ ရေသေချာဆေးပြီး ရေခဏဆစ်ထားပါ။

ပြီး၇င်တော့ ကော်ရိုးမှိုကို ထက်ခြမ်းခြမ်းလိုက်ပြီး ရေသေချာဆေးပါ။

အိုးထဲကို ဆီထည့်လိုက်ပြီးအပူပေးကာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ဆီသတ်လိုက်ပါ။

ကြက်သွန်အနှံလေးမွှေးလာပြီဆိုရင် မှိုထည့်လိုက်ပါ။ မှိုလေးကျက်ခါနီးရင် ကန်စွန်းရွက်ထည့်လိုက်ပါ။ ဆားနည်းနည်းနဲ့ ဟင်းခတ်မှုန့်ကိုထည့်လိုက်ပြီး ခဏလောက် အုပ်ထားလိုက်ပါ။

မှိုကန်စွန်းရွက်ကြော်ပူပူလေး ကြော်စားရအောင်

ပြီးရင်တော့ မီးပြင်းပြင်းနဲ့သေချာလေး မွှေပေးလိုက်ပြီး ကျက်ခါနီးရင် ခရုဆီလေးထည့်ပေးလိုက်ပါ။ ကျက်ပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီနော်။

Source: www.wandercooks.com

By: MyFood Myanmar