အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဆိတ်သားချက်နည်းလေးကို ပြောပြပေးချင်ပါတယ်။ အရင်ချက်နေကြဆီပြန်ပုံစံမဟုတ်ဘဲ ငါးပိချက်ပုံစံလေးချက်ကြည့်ရအောင်။ ငါးပိချက်ပုံစံလေးနဲ့ ချက်စားတာဖြစ်လို့ အအီအစိမ့်တွေမစားချင်ဘူးဆိုသူတွေအတွက် အကောင်းဆုံးပါပဲ။
ပါဝင်ပစ္စည်းများ
ဆိတ်သား – 30သား
ခရမ်းချဉ်သီး – နှစ်လုးံ
ကြက်သွန်ဖြူ
ကြက်သွန်နီ – နှစ်လုးံ
ဂျင်း
ဆား
ဆနွင်း
အချိုမှုန့်
ငံပြာရည်
အရောင်တင်မှုန့်
ဆီ – တဆယ်သား
ငရုတ်သီးစိမ်း
သံပုရာသီး
ပြုလုပ်နည်း
ဆိတ်သား 30သား ကို သန့်စင်ပြီး ဆား ၊ ဆနွင်း ၊ သံပုရာသီး ၊ အချိုမှုန့် ၊ ငံပြာရည် တို့နဲ နယ်ပြီး တနာရီလောက် ထားပါ။
ကြက်သွန်နီ နှစ်လုးံ၊ ခရမ်းချဉ်သီး နှစ်လုးံ ၊ ကြက်သွန်ဖြူ ၊ ဂျင်းထောင်းပြီး၊ ဆီ တဆယ်သား လောက် နဲ့ အရောင်တင် ထည့်ပြီး ဆီသက်ပါ။ ကျက်တော့ ဆိတ်သား ထည့်ပြီး လုးံထားပါ ။
ခဏနေပြီးလျင် ရေထည့်ပြီး အသားအိတဲ့ထိ ချက်ပါ ။
ဆီပြန်တော့ အချိုငံမြည်းပြီး ငရုတ်သီးစိမ်း ထည့် သုးံဆောင် နိုင်ပါသည် ။
Credit: Daw Suu Suu