ပါဝင်ပစ္စည်းများ
- ဆန်ကြမ်း – ၂ ခွက်
- ရေ – ၁ ခွက်
- ထန်းလျက် – ၁၀ ကျပ်သား
- ဖီးကြမ်း ငှက်ပျော မှည့်မှည့် – ၁ လုံး
- မုန့်ဖုတ် ဆိုဒါ – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ဆား – ပါသည်ဆိုရုံ
- ထောပတ် – အနည်းငယ်
- မြေပဲစိမ်း – အနည်းငယ် ( ပါးပါးလှီး)
- ဘိန်းစေ့ – အနည်းငယ်
- အုန်းသီးပါးပါးလှီး – အနည်းငယ်
ပြုလုပ်နည်း
ဆန်ကိုရေဆေးပြီး တစ်ညအိပ် ရေစိမ်ထားပါ။ ရေစစ်ပြီး ရေ နဲ့ ရောပြီး ပျစ်နေအောင် ကြိတ်ပါ။
ထန်းလျက်ရည်ကို ရေအနည်းငယ်နဲ့ အတူ ညောင်စေးတန်းအောင် ကျိုပေးပါ။
ကြိတ်ထားတဲ့ မုန့်နှစ်ရည်ထဲသို့ ထန်းလျက်ရည် ၊ ဆား ၊ ဆိုဒါမှုန့်၊ ငှက်ပျောသီးတွေကို ရောထည့်ပြီး ညှက်နေအောင် ပြန်ကြိတ်ထားပါ ။ အနည်းဆုံး(၃) နာရီခန့် အချဉ်ဖောက် လာစေရန် ထားပေးရပါမည်။
ဆန်မှုန့်ကို ချက်ချင်း အသုံးပြုသူများ ကတော့ မုန့်နှစ်ရည် စပ်ပြီး အနည်းဆုံး (၁၀) နာရီခန့် ထားပေးမှ အချဉ်ဖောက်ရန် အချိန် လုံလောက်ပါမည်။
မုန့်ဖုတ်တဲ့ ဘိန်းမုန့်အိုးကို ထောပတ်သုတ်ပါ ။ ပူလာပြီဆိုရင် မုန့်နှစ်ရည် လောင်းထည့်ကာ ၂ မိနစ်ခန့် ကြာမှ အုန်းသီး ၊ မြေပဲစိမ်း အဖတ်လေးများ ၊ ဘိန်းစေ့ဖြူးကာ အဖုံးပိတ်ပြီး နှပ်ထားပါ။
အောက်ဖက်မုန့်သား ကျက်ပြီဆိုမှ ဇွန်းပြားလေးနဲ့ ကော်ပြီး ထောပတ် အနည်းငယ် ထပ်ဖြည့်ပြီး ဟိုဖက် ၊ ဒီဖက်လှည့်ပြီး ရွှေညိုရောင် ရအောင် ဖုတ်ပေးရပါမည်။
Recipe & Photo Credit: Original Uploader