မုန့်လုပ်ပါဝင်ပစ္စည်းများ

  • မွှေးကောက်ညှင်းမှုန့် ၂၀၀တန် – ၁ထုပ်
  • မွှေးဆန်မှုန့် ၂၀၀တန် – တစ်ဝက်
  • မြေပဲ (အခွံချွတ်) – ၂၀၀ ဖိုး
  • နှမ်းဖြူ – ၁၀၀ ဖိုး
  • ပဲဆီ – ၁ဇွန်း ထမင်းစားဇွန်း

  • သကြား – ၅ဇွန်း ထမင်းစားဇွန်း
  • ဆား – တစ်ဝက် လက်ဖက်ရည်ဇွန်း

မုန့်လုပ်နည်း

၁။ ‌‌ေကာက်ညှင်းမှုန့် နဲ့ဆန်မှုန့်ကို ရေ နည်းနည်းစီ ထည့်ပြီး မပျော့မမာ အနေအထား ရအောင် နယ်ပေးပါ။

၂၊ ပြီးလျှင် ဆီထည့်ပြီး သမအောင် နယ်ပေးပြီး ပုံတွင် ပြထားတဲ့ အတိုင်း ပေါင်းအိုးထဲမှာ ငှက်ပျောရွက်ခင်းပြီး ၁၀မိနစ် ပေါင်းထားပါ။
၃။ ပြီးရင် မုန့်ပြားတွေကို ဆီပွတ်ပြီး မြေပဲ၊ နှမ်း၊ သကြား၊ ဆားတို့နဲ့ သိပ်ပေးပါ။

၄။ စားကောင်းတဲ့ ဖြဲသိပ်မုန့် ရပါပြီ။

Credit: Sweswe Myint