မန္တလေးပဲကြော် လို့ခေါ်ပါတယ်။ တခြား အခေါ်အဝေါ်လေး ရှိရင်လည်း ပြောပြကြပါနော် ။
ပါဝင်ပစ္စည်း
- ပဲလွန်း
- ကောက်ညှင်းမှုန့်
- ဆား
- ဂျင်း – ထောင်းထားပါ
- ဆော်ဒါမှုန့်
- ရေ
ပြုလုပ်နည်း
- ပဲလွန်း ပြုတ်ပြီး နူးလာလျှင် ရေစစ်ပြီး ထောင်းထားပါ။
- ကောက်ညှင်းမှုန့် ၊ ဆား ၊ ဂျင်း ၊ ဆော်ဒါမှုန့် ၊ ရေ နှင့် မအားလုံးကို ရောနယ်ပါ။
- အနေတော် လက်တစ်ဆုပ်စာ ပြားပြီး ဆီပူပူလေးမှာ ကြော်ပါရှင်။
- စားကောင်းသော မြန်မာအစားအစာ တစ်မျိုးရပါပြီရှင် ။ စားကောင်းနိုင်ကြပါစေရှင်။
Credit: Moe Nge Nge