အားလုံးပဲမင်္ဂလာပါနော်။ မြန်မာတို့ မနက်စာအဖြစ် စားကြတဲ့အထဲမှာ နန်းကြီးသုပ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အားလုံးလည်းနှစ်ခြိုက်စွာ စားသုံးကြတဲ့ နန်းကြီးသုပ်တာ တကယ်တော့ ပြုလုပ်ရတာမခက်ပါဘူးနော်။

ပါဝင်သောပစ္စည်းများ

နန်းကြီးသုပ် ပြုလုပ်နည်း

  • နန်းကြီး ၅၀ ကျပ်သား
  • ကြက်သား ၁၅ ကျပ်သား
  • ငံပြာရည် အနည်းငယ်
  • ဆား၊ ဟင်းခတ်မူန့် လိုအပ်သလောက်ထည့်ပါ။
  • ကြက်သွန်ဖြူ ၂ လုံးခန့်
  • ကြက်သွန်နီ ၅ လုံး
  • အရောင်တင်မူန့်အနည်းငယ်
  • အုန်းနို့အနည်းငယ်
  • ပဲမူန့် အနည်းငယ်
  • ဆီ အနည်းငယ်
  • ဆီကျက်အနည်းငယ်
  • သကြားအနည်းငယ်
  • သံပရာသီး (သို့) ရှောက်သီး အနည်းငယ်
  • ငရုတ်သီးအကျက်မှုန့်အနည်းငယ်

ပြုလုပ်နည်း

ကြက်သားကို ဆား၊ ဟင်းခတ်မူန့်တို့နှင့် နယ်ပြီး နူးရုံပြုတ်ပါ။ ပြီးရင် အသားကို သေးသေးလေး တုံးလိုက်ပါ။

ကြက်သွန်ဖြူကြက်သွန်နီကို ထောင်းလိုက်ပါ။ပြီးရင် ဆီကို အပူပေးလိုက်ပြီးအရောင်တင်မှုန့် ထည့်လိုက်ပါ။

အရောင်တင်မှုန့် ကျက်ရင် ကြက်သွန်နီ ၊ ဖြူကို ဆီသတ်လိုက်ပါ။ အဲဒီနောက် ကြက်သား ထည့်လိုက်ပါ။ အုန်းနို့ထည့်ပါ။ (တကယ်လို့ အုန်းနို့မကြိုက်ရင်မထည့်လည်းရပါတယ်။)

အပေါ့ အငန်မြည်းပြီး ဆား၊ အချိုမှုန့်၊ သကြားထပ် ထည့်ပါ။

သုပ်မယ့် ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်ပြီး အခု ဟင်းအနှစ်ထည့်၊ ဆီကျက်၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်နဲ့ သံပရာသီး ညှစ်ပြီး သုံးဆောင်နိုင်ပါတယ်။

By: MyFood Myanmar