ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ
  • မုန့်ဟင်းခါးဖပ်
  • ပဲကြာဇံ
  • အာလူးပြုတ်
  • ဂေါ်ဖီ
  • သင်္ဘောသီး
  • သခွားသီး
  • ပဲပင်ပေါက်
  • ကြက်သွန်နီ
  • နံနံပင်
  • ရှောက်ရွက်
  • ပဲမှုန့်အကြက်
  • ပုဇွန်ခြောက်မှုန့်
  • မကျည်းနှစ်
  • ကြက်သွန်နီဆီချက်
  • ကြက်သွန်ဖြူဆီချက်
  • ငရုတ်သီးအနီဆီချက်
  • ငံပြာရည်
  • ဆား
  • ငရုတ်သီးအကြက်မှုန့်
  • ကြက်သွန်ဖြူအမွှာ
  • ငရုတ်သီးအနီ အခြောက်တောင့်

ချက်ပြုတ်နည်း

ဗန်းတခုထဲတွင် မိမိနှစ်သက်ရာ ခေါက်ဆွဲ ၊ မုန့်ဟင်းခါးဖပ် ၊ ပဲကြာဇံ ၊  တို့ကို တပုံစီထည့်ပါ။ အာလူးကိုပြုတ်ပြီး တလက်မခန့် အစိပ်လေးများ စိပ်ပါ။ ဂေါ်ဖီ ၊ သင်္ဘောသီး နှင့် သခွားသီးကို ခြစ်တံ နှင့် ခြစ်ပါ။

ပဲပင်ပေါက်ကို ဆူသောရေထဲတွင် ၅မိနစ်ခန့် စိမ်ပြီး ရေအေးနှင့်ဆေးချပြီး ဇကာတွင် စစ်ထားပါ။ ကြက်သွန်နီကို ပါးပါး အရှည်လိုက် လှီးပြီး ရေအေးထဲတွင် စိမ်ထားပါ ။  စားခါနီးမှ ရေညှစ်ရျ် ဗန်းထဲထည့်ပါ။

နံနံပင် နှင့် ရှောက်ရွက်ကို ပါးပါးလှီး ထားပါ။  ဗန်းနောက်တခုထဲတွင် အာလူးပြုတ်၊ ဂေါ်ဖီ၊ သင်္ဘောသီး နှင့် သခွားသီးခြစ် ၊ ပဲပင်ပေါက် ၊ ကြက်သွန်နီ ၊ နံနံပင် နှင့် ရှောက်ရွက် တို့ကို တပုံစီပုံပါ။

ဒယ်အိုးပူထဲတွင် ဆီအနဲငယ်ထည့်၍ ငရုတ်တောင့် အခြောက်နီကို ထည့်ပါ။ ထဲ့ပြီးလျှင် မီးကို ပိတ်လိုက်ပြီး ငရုတ်တောင့်ကို လှော်၍ အအေးခံထားပါ။

ပဲမှုန့်အကြက် ၊ ပုဇွန်ခြောက်မှုန့်၊ မကျည်းနှစ် ၊ ကြက်သွန်နီ ဆီချက်၊ ကြက်သွန်ဖြူ ဆီချက် ၊ ငရုတ်သီးအနီ ဆီချက် ၊ ငရုတ်သီးမှုန့် အကြက်မှုန့် ၊ ငံပြာရည် ၊ ဆား ကို ပုဂံလုံး တခုစီတွင်ထည့်ပါ။

စားမည့်အချိန်တွင် ဗန်းနှစ်ခုထဲမှ ကြိုက်နှစ်သက်ရာ အဆာပလာများကို ဇလုံထဲတွင် အနဲငယ်စီထဲ့ရျ် ပဲမှုန့်အကြက် ၊ ပုဇွန်ခြောက်မှုန့် ၊ မကျည်းနှစ် ၊ ကြက်သွန်နီ ဆီချက် ၊ ကြက်သွန်ဖြူ ဆီချက်တို့ကို လဖက်ရည်ဇွန်း ၁ဇွန်းခန့် စီထဲ့ပါ။

ငရုတ်သီးအနီ ဆီချက် ၊ ငရုတ်သီးမှုန့်အကြက်မှုန့်၊ ငံပြာရည် နှင့် ဆားတို့ကို သင့်တင့်ရုံ ထဲ့ရျ် နှံ့အောင်နယ်ပါ ။ အပေါ့အငံကို မြီးရျ် လိုတာကို ထပ်ထဲ့နိုင်ပါသည်။  စားသည့် အချိန်တွင် ကြက်သွန်ဖြူ အမွှာ နှင့် ငရုတ်သီးတောင့် ကြော်ကို အသုတ်နဲ့အတူ တွဲ၍ သုံးဆောင်နိုင်ပါသည်။

MyFood Myanmar