မင်္ဂလာပါ။ မြူရွက်ကို တွေ့ဖူးတဲ့သူများအတွက် သုပ်စားနိုင်ဖို့ နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ လွယ်လွယ်လေးဖြစ်ပြီး အချိန်သိပ်မယူတာကြောင့် အခုပဲကြည့်ကြည့်လိုက်ပါအုံး။
ပါဝင်ပစ္စည်းများ
- မြူရွက်
- မြေပဲလှော်ထောင်း
- ကြက်သွန်ဖြူ
- ပုဇွန်ခြောက်
- ကြက်သွန်နီကြော်
- ပုဇွန်ငံပြာရည်
- အချိူမှုန့်
- ဆား
- ဆီ
ပြုလုပ်နည်း
- မြူရွက်တွေ ရေစင်စင်ဆေးပြီး ပြုတ်ပါ။ ပြီးလျှင် ပြုတ်ထားသော မြူရွက်တွေ သေးသေးညှပ် ထားပါ။
- မြေပဲလှော်ထောင်းထား၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်ထောင်းထားပါ။ ဆီသက်၍ ကြက်သွန်နီကြော်ထားပါ။
- သေးသေးညှပ် ထားသည့် မြူရွက်တွေနှင့် ပါဝင်ပစ္စည်းများ အားလုံးကို နှံ့အောင် ဖွဖွလေးနယ်ပါ။
- အပေါ့ အငံမြည်း၍ သုးံဆောင် နိုင်ပါသည် ။
Credit: Daw Suu Suu