မင်္ဂလာပါ။ မြူရွက်ကို တွေ့ဖူးတဲ့သူများအတွက် သုပ်စားနိုင်ဖို့ နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ လွယ်လွယ်လေးဖြစ်ပြီး အချိန်သိပ်မယူတာကြောင့် အခုပဲကြည့်ကြည့်လိုက်ပါအုံး။

ပါဝင်ပစ္စည်းများ

  • မြူရွက်
  • မြေပဲလှော်ထောင်း
  • ကြက်သွန်ဖြူ
  • ပုဇွန်ခြောက်
  • ကြက်သွန်နီကြော်
  • ပုဇွန်ငံပြာရည်
  • အချိူမှုန့်
  • ဆား
  • ဆီ

ပြုလုပ်နည်း

  1. မြူရွက်တွေ ရေစင်စင်ဆေးပြီး ပြုတ်ပါ။ ပြီးလျှင် ပြုတ်ထားသော မြူရွက်တွေ သေးသေးညှပ် ထားပါ။
  2. မြေပဲလှော်ထောင်းထား၊ ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်ထောင်းထားပါ။ ဆီသက်၍ ကြက်သွန်နီကြော်ထားပါ။
  3. သေးသေးညှပ် ထားသည့် မြူရွက်တွေနှင့် ပါဝင်ပစ္စည်းများ အားလုံးကို နှံ့အောင် ဖွဖွလေးနယ်ပါ။
  4. အပေါ့ အငံမြည်း၍ သုးံဆောင် နိုင်ပါသည် ။

Credit: Daw Suu Suu