လိုအပ်သောပစ္စည်းများ
- ထိုင်းငါးပိ – ဟင်းချက်ဇွန်းကြီး ၁ ဇွန်းခန့်
- ပုစွန်ခြောက် – ၁၀ ကောင်
- ငရုတ်သီးစိမ်း သို့မဟုတ် အမှည့် – ခပ်များများ
- ကြက်သွန်ဖြူ – ဥကြီး ၁ ဥ
- ကြက်သွန်နီ – ဥသေး ၁ ဥ
Source: Kimchimari
- ထန်းလျက် – ၁ ခဲ
- ယိုးဒယားငံပြာရည် – ၂ ဇွန်း
- ခရမ်းကစော့သီး – အနည်းငယ်
- သံပုရာသီး – ၂လုံး
ပြုလုပ်နည်း
- ငါးပိကို မီးးကင် ထားပါ (သို့မဟုတ်) ငှက်ပျော်ဖက်ဖြင့် ထုပ်ပြီး မီးအုံးပါ။ ပုစွန်ခြောက်ကို ရေဆေးပြီး ရေနွေးဖြင့် စိမ်ထားပါ။ ရေစိမ်ထားတဲ့ ပုစွန်ခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းများကို ရောပြီး ညက်အောင် ထောင်းပါ။
- ခရမ်းကစော့သီး ထည့်ထောင်းပါ။ မီး ကင်ထားတဲ့ ငါးပိကို ရောထောင်းပြီး ထန်းလျက် နှင့် ငံပြာရည် စသည့် အရသာများကို မိမိ စိတ်ကြိုက်ထည့်ပါ။ သံပြာရည် ညှစ်ထည့်ပါ။
- ယိုးဒယားငါးပိ မရှိလည်း မြန်မာငါးပိထည့်သုံးလို့ ရပါတယ်။ ထန်းလျက်အစား သကြားသုံးလို့လည်း ရပါတယ်။ ခရမ်းကစော့သီး ကိုလည်း မထည့်ရင် ရပါတယ်။
Credit: Warr Tee