(Unicode)

ယခုလတ်တလောမှာ လူတွေရဲ့ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့အရာတစ်ခုရှိပါတယ်။ ထိုအရာကတော့ အခြားမဟုတ်ပါဘူး။ လေထဲမှာ ပေါက်ဖွားပြန့်ပွားပြီး လေထဲမှာတစ်ဆင့် ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပဲဖြစ်ပါတယ်။

ထိုရောဂါက လေထဲမှတစ်ဆင့်၊ ရောဂါပိုးရှိတဲ့သူမှ အခြားသူတစ်ယောက်ထဲသို့ ကူးစက်နိုင်ပြီး ရောဂါပိုးသက်သာစေတဲ့ ဆေးဝါးလည်း မရှိသေးတဲ့အတွက်ကြောင့် ထိုရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရုံမှတစ်ပါး အခြားမရှိပါဘူး။

ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်သန့်ရှင်းရေးကို ယခင်ကထက် အသားပေးခြင်း၊ အာဟာရညီညွှတ်မျှတအောင် စားသုံးခြင်း စသည်တို့ကို ပြုလုပ်သင့်ပါတယ်။ ကိုယ်ခံစွမ်းအား တိုးမြှင့်နေမှသာ ပြင်ပမှရောဂါပိုးများကို တိုက်ထုတ်နိုင်မှာဖြစ်တဲ့အတွက် သင့်ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းအောင် ဂရုစိုက်သင့်ပါတယ်။

ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့အစားအစာတွေကို ဝေမျှပေးခဲ့ပြီးပြီဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ သဘာဝအချိုရည်တွေကို ဝေမျှပေးချင်ပါတယ်။

ပန်းသီး၊ မုန်လာဥနီနှင့် လိမ္မော်ဖျော်ရည်

ပန်းသီး ၁ လုံး၊ မုန်လာဥနီ ၂ လုံး၊ လိမ္မော်သီးတစ်လုံးတို့ကို အတုံးငယ်များရအောင် တုံးပြီးနောက် ဖျော်စက်ထဲ ထည့်ဖျော်ပေးလိုက်ပါ။ သင့်အနေနဲ့ အချိုအရသာဖြင့် သောက်သုံးချင်တယ်ဆိုရင်တော့ ပျားရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။ ရရှိလာတဲ့ဖျော်ရည်ကို ရေခဲသေတ္တာထဲတွင် အအေးခံကာ သောက်သုံးနိုင်ပါပြီ။

Grape Fruit နဲ့ လိမ္မော်ဖျော်ရည်

ထိုသစ်သီးနှစ်မျိုးကို ဖျော်စက်ထဲထည့်ကာ ရေအနည်းငယ်ရောလိုက်ပါ။ သမအောင် မွှေဖျော်ပေးပြီးတဲ့နောက်မှာတော့ ဗီတာမင်စီဓာတ်ကြွယ်ဝတဲ့ ဖျော်ရည်တစ်ခွက်ရရှိသွားပါပြီ။ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးဖျော်ရည်တစ်ခွက်ပါပဲ။

သကြားမုန်လာဖျော်ရည်

ဒီဖျော်ရည်ဖျော်ဖို့အတွက် သကြားမုန်လာ တစ်ဥ၊ မုန်လာဥနီ တစ်ခု၊ ဂျင်းတုံးတစ်တုံး၊ နနွင်းမှုန့်အနည်းငယ်၊ ငရုတ်ပွ အနည်းငယ်၊ ဆားအမဲအနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ ဟင်းသီးဟင်းရွက်များကို အခွံခွာပြီးနောက် ရေစင်စင်ဆေးထားလိုက်ပါ။ ထို့နောက် အတုံးငယ်များ တုံးကာ ဖျော်စက်ထဲ ထည့်ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ဖျော်ရည်ကို အရသာမကြိုက်ဘူးဆိုရင်တောင်မှ ကျန်းမာရေးအတွက် စဉ်းစားတဲ့အနေနဲ့ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

Source: Llifebeyondnumbers.com

Juice Recipes to Boost Your Immune System

(Zawgyi)

ယခုလတ္တေလာမွာ လူေတြရဲ႕က်န္းမာေရးနဲ႔ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနတဲ့အရာတစ္ခုရွိပါတယ္။ ထိုအရာကေတာ့ အျခားမဟုတ္ပါဘူး။ ေလထဲမွာ ေပါက္ဖြားျပန္႔ပြားၿပီး ေလထဲမွာတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ကိုရိုနာဗိုင္းရပ္စ္ပဲျဖစ္ပါတယ္။

ထိုေရာဂါက ေလထဲမွတစ္ဆင့္၊ ေရာဂါပိုးရွိတဲ့သူမွ အျခားသူတစ္ေယာက္ထဲသို႔ ကူးစက္ႏိုင္ၿပီး ေရာဂါပိုးသက္သာေစတဲ့ ေဆးဝါးလည္း မရွိေသးတဲ့အတြက္ေၾကာင့္ ထိုေရာဂါမျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္ရံုမွတစ္ပါး အျခားမရွိပါဘူး။

ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ အိပ္ေရးဝဝအိပ္ျခင္း၊ ကိုယ္လက္သန္႔ရွင္းေရးကို ယခင္ကထက္ အသားေပးျခင္း၊ အာဟာရညီညႊတ္မွ်တေအာင္ စားသံုးျခင္း စသည္တို႔ကို ျပဳလုပ္သင့္ပါတယ္။ ကိုယ္ခံစြမ္းအား တိုးျမွင့္ေနမွသာ ျပင္ပမွေရာဂါပိုးမ်ားကို တိုက္ထုတ္ႏိုင္မွာျဖစ္တဲ့အတြက္ သင့္ခႏၶာကိုယ္ကို ကိုယ္ခံအားေကာင္းေအာင္ ဂရုစိုက္သင့္ပါတယ္။

ကိုယ္ခံစြမ္းအားျမွင့္တင္ေပးႏိုင္တဲ့အစားအစာေတြကို ေဝမွ်ေပးခဲ့ၿပီးၿပီျဖစ္တဲ့အတြက္ေၾကာင့္ ဒီတစ္ခါမွာေတာ့ ကိုယ္ခံစြမ္းအားျမွင့္တင္ေပးႏို္င္တဲ့ သဘာဝအခ်ိဳရည္ေတြကို ေဝမွ်ေပးခ်င္ပါတယ္။

ပန္းသီး၊ မုန္လာဥနီႏွင့္ လိေမၼာ္ေဖ်ာ္ရည္

ပန္းသီး ၁ လံုး၊ မုန္လာဥနီ ၂ လံုး၊ လိေမၼာ္သီးတစ္လံုးတို႔ကို အတံုးငယ္မ်ားရေအာင္ တံုးၿပီးေနာက္ ေဖ်ာ္စက္ထဲ ထည့္ေဖ်ာ္ေပးလို္က္ပါ။ သင့္အေနနဲ႔ အခ်ိဳအရသာျဖင့္ ေသာက္သံုးခ်င္တယ္ဆိုရင္ေတာ့ ပ်ားရည္အနည္းငယ္ ထပ္ထည့္ႏိုင္ပါတယ္။ ရရွိလာတဲ့ေဖ်ာ္ရည္ကို ေရခဲေသတၲာထဲတြင္ အေအးခံကာ ေသာက္သံုးႏိုင္ပါၿပီ။

Grape Fruit နဲ႔ လိေမၼာ္ေဖ်ာ္ရည္

ထိုသစ္သီးႏွစ္မ်ိဳးကို ေဖ်ာ္စက္ထဲထည့္ကာ ေရအနည္းငယ္ေရာလိုက္ပါ။ သမေအာင္ ေမႊေဖ်ာ္ေပးၿပီးတဲ့ေနာက္မွာေတာ့ ဗီတာမင္စီဓာတ္ၾကြယ္ဝတဲ့ ေဖ်ာ္ရည္တစ္ခြက္ရရွိသြားပါၿပီ။ ကိုယ္ခံစြမ္းအားျမွင့္တင္ေပးႏို္င္တဲ့ အေကာင္းဆံုးေဖ်ာ္ရည္တစ္ခြက္ပါပဲ။

သၾကားမုန္လာေဖ်ာ္ရည္

ဒီေဖ်ာ္ရည္ေဖ်ာ္ဖို႔အတြက္ သၾကားမုန္လာ တစ္ဥ၊ မုန္လာဥနီ တစ္ခု၊ ဂ်င္းတံုးတစ္တံုး၊ နႏြင္းမႈန္႔အနည္းငယ္၊ ငရုတ္ပြ အနည္းငယ္၊ ဆားအမဲအနည္းငယ္တို႔ လိုအပ္ပါလိမ့္မယ္။ ဟင္းသီးဟင္းရြက္မ်ားကို အခြံခြာၿပီးေနာက္ ေရစင္စင္ေဆးထားလိုက္ပါ။ ထို႔ေနာက္ အတံုးငယ္မ်ား တံုးကာ ေဖ်ာ္စက္ထဲ ထည့္ေဖ်ာ္ေပးလိုက္ပါ။ ရရွိလာတဲ့ေဖ်ာ္ရည္ကို အရသာမႀကိဳက္ဘူးဆိုရင္ေတာင္မွ က်န္းမာေရးအတြက္ စဥ္းစားတဲ့အေနနဲ႔ ပံုမွန္ေသာက္သံုးေပးသင့္ပါတယ္။

Source: Llifebeyondnumbers.com