ပါဝင်ပစ္စည်းများ

  • ငါး
  • ဥဝါ
  • ငရုတ်စိမ်းပွ
  • ိဂေါ်ဖီပန်းပွင့်
  • ဘိုစားပဲ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ကြက်သွန်မိတ်
  • ကော်မှုန့်
  • ကြက်ဖဆော့စ်
  • ခရမ်းသီးဆော့စ်
  • ဆား
  • ဆီ

ပြုလုပ်နည်း

  1. ငါးကို အရင် ကြော်ထားပါ။ ပါဝင်သည့် အသီးအရွက်များကို အနေတော်လှီးထားပါ။
  2. ကြက်သွန်လေးစိတ် လှီးပြီး ငရုတ်ပွကို သပ်သပ်ကြော်ထားတာပါ။
  3. အချဉ်က ကြက်ဖဆော့စ်နဲ့ ခရမ်းသီးဆော့် ၂မျိုးရောပြီး ကော်မှုန့်အရည် ဖျော်ထည့်ပါ။
  4. အသီးအရွက်များကို ကြော်ပြီးနွမ်းလာပါက အချဉ်ရေကို အပေါ်မှ လောင်းထည့်ပါ။
  5. ပြီးလျှင် ကြော်ထားသည့် ငရုတ်ပွကြော်နှင့် ရောထည့်ကာ အရသာ မြည်းပြီး ငါးပေါ်ဆမ်းပါ။

Credit: Khinpapa Aung