ပိတ်ရက်တွေမှာ မိသားစုတွေ၊ ကိုယ်ချစ်ရသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်မုန့်လုပ်စားလို့ရအောင် ဘယ်ရီချိစ်ကိတ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပါဝင်ပစ္စည်းနည်းနည်းများပေမယ့် လုပ်ရတာတော့ အရမ်းလွယ်ကူပါတယ်။

ဘယ်ရီချိစ်ကိတ်ပြုလုပ်ဖို့အတွက် ဘီစကစ် အချပ် ၂၀ ကို Blender ထဲထည့်ပြီး ကျေညက်သွားအောင်မွှေပေးရပါမယ်။ ပြီးရင်တော့ ပန်းကန်လုံးထဲပြောင်းထည့်လိုက်ပါ။ အရည်ပျော်အောင်လုပ်ထားတဲ့ ထောပတ်ရည်ကိုလည်း ခွက်သေးနဲ့တစ်ခွက်စာထည့်ပြီး မွှေပေးရပါမယ်။ သေချာမွှေပြီးသွားတဲ့အခါမှာတော့ ကိတ်မုန့်လုပ်တဲ့ Pan ထဲကို ထည့်ပြီး ဇွန်းနဲ့ဖိချပေးပါ။

Source: www.recipesbycarina

နောက်ထပ်ပန်းကန်လုံးထဲကို မုန့်လုပ်တဲ့ခရင်မ် – ခွက်တစ်ခွက်စာထည့်ပြီး ပျစ်သွားတဲ့ထိမွှေပေးရပါမယ်။

Source: www.recipesbycarina

ပန်းကန်လုံးအသစ်တစ်လုံးထဲကို ခရင်မ်ချိစ် – ခွက်သေးတစ်ခွက်စာနဲ့ Powder Sugar – ၂ ဇွန်းစာထည့်ပြီး မွှေပေးပါ။ ပြီးတာနဲ့ သံပရိုသီး (သို့) လိမ္မော်သီးအခွံကို ခြစ်ချပေးပါ။ အဲ့ဒီသံပရိုသီးကို တစ်လုံးကို အရည်ညှစ်ချပြီး မွှေပေးပါ။ ပန်းကန်လုံးအသေးလေးထဲကို Gelatine – စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပြီး ရေနွေးနည်းနည်းထည့်ကာမွှေပေးပါ။ ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး ထပ်မွှေပါ။ ရပြီဆိုရင်တော့ မုန့်လုပ်တဲ့ Pan ထဲကို သွားထည့်ပေးပါ။

Source: www.recipesbycarina

Ready Made ဘယ်ရီသီးဘူး (သို့) ဘယ်ရီသီးတွေကို ဘူးတစ်ဘူးစာယူပြီး Blender ထဲထည့်မွှေပေးပါ။ ရလာတဲ့အရည်တွေကို အဖတ်မပါအောင် ဇကာနဲ့ထပ်စစ်ချပေးပါ။ ပြီးရင်တော့ ခုနကလိုပဲ Gelatine – စားပွဲတင်ဇွန်းတစ်ဇွန်းစာထည့်ပြီး ရေနွေးနည်းနည်းထည့်ကာမွှေပေးပါ။ ပြီးရင် ပန်းကန်ထဲထည့်ပြီးမွှေပါ။

Source: www.recipesbycarina

နောက်ဆုံးမှာတော့ ကိတ်မုန့်လုပ်တဲ့ Pan ထဲကို သွားထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထည့်ထားလိုက်ပါ။

Source: www.recipesbycarina

ရေခဲသေတ္တာထဲကနေထုတ်လာရင်တော့ အသင့်စားသုံးနိုင်တဲ့ ဘယ်ရီချိစ်ကိတ်ကို ရရှိသွားပါပြီ။ ဘယ်ရီကရှာရတာမလွယ်ရင်တော့ ဘယ်ရီနေရာမှာ စတော်ဘယ်ရီ (သို့) စပျစ်သီးကို အစားထိုးပြီး လုပ်စားလို့ရပါတယ်။

Source: www.recipesbycarina