ချောကလက်ကြိုက်တဲ့သူတွေအတွက် မုန့်ဖုတ်စက်မလိုပဲ အိမ်မှာလုပ်စားလို့ရမယ့် Chocolate Tart ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Blender ထဲကို ရိုးရိုးဘီစကွတ် – ၁၅ ချပ်ထည့်ပြီး မွှေလိုက်ပါ။ ကြေညက်သွားပြီဆိုရင် ထောပတ်အရည် – စားပွဲတင်ဇွန်း ၆ ဇွန်း ထည့်ပြီး ထပ်မွှေပါ။

မွှေပြီးရင် ၉ လက်မအရွယ်ရှိတဲ့ Tart Pan ထဲထည့်ပြီး သိပ်နေအောင်ဖိချပါ။ ပြီးတာနဲ့ မိနစ် ၂၀ လောက် ရေခဲသေတ္တာထဲထည့်ထားပါ။

Dark Chocolate – ၃၀၀ ဂရမ်ကို သေးသေးလေးတွေလှီးထားပါ။

မီးဖိုပေါ်မှာ ရေနွေးတည်ထားပါ။ ရေနွေးပူလာရင် အပူဒဏ်ခံနိုင်တဲ့ ပန်းကန်လုံးအကြီးတင်ပြီး အဲ့ထဲကိုမှ Heavy Cream – ခွက်တစ်ခွက်စာထည့်၊ သကြားညို – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ထောပတ်အတုံး – စားပွဲတင်ဇွန်း ၄ ဇွန်းစာ၊ ခုနကလှီးထားတဲ့ Dark Chocolate နဲ့ ဆား အနည်းငယ်၊ Vanilla essence – လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကိုထည့်ပြီး ပျော်ဝင်သွားတဲ့အထိ မွှေနေပေးပါ။

ပျော်သွားပြီဆိုရင် အအေးခံထားပါ။ အေးသွားပြီဆိုမှ ခုနက Tart Pan ထဲကို ထည့်ပါမယ်။ ထည့်ပြီးရင် ရေခဲသေတ္တာထဲမှာ တစ်ညထည့်ထားပါ။

နောက်နေ့ရောက်ရင်တော့ အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးတွေတင်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ Chocolate Tart လုပ်နည်း ပြီးသွားပါပြီ။

Source: www. spicebangla