အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ Oven အသုံးပြုစရာမလိုဘဲ ရေခဲသေတ္တာလေး ရှိရုံနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ ချိစ်ကိတ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရင်မ်ချိစ် ၈ အောင်စ
  • Whipped ခရင်မ် ၈ အောင်စ
  • သကြား စားပွဲတင်ဇွန်း ၁၅ ဇွန်း
  • ဗနီလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကွတ်ကီးအကြေအစများ စားပွဲတင်ဇွန်း ၂၄ ဇွန်း

  • ထောပတ် စားပွဲတင်ဇွန်း ၅ ဇွန်း (အရည်ဖျော်ထားပါ)
  • အလှဆင်ရန်အတွက် စတော်ဘယ်ရီသီး (သို့) ဘလူးဘယ်ရီသီး စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ ဘယ်ရီသီးတစ်မျိုးမျိုး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကွတ်ကီးအကြေအစများနှင့် သကြား စားပွဲတင်ဇွန်း ၅ ဇွန်းကို ကြိတ်စက်ထဲထည့်ကာ ကျေညှက်သွားအောင် မွှေပေးလိုက်ပါ။ ထို့နောက် အရည်ဖျော်ထားပြီးသား ထောပတ်များလောင်းထည့်လိုက်ပါ။

၂။ ရရှိလာတဲ့ ကွတ်ကီးအမှုန်များကို ကိတ်မုန့်ဖုတ်သော အိုးအဝိုင်းထဲသို့ထည့်ကာ မျက်နှာပြင် ညီညာအောင် ညှိလိုက်ပါ။ ထို့နောက် ပုလင်းဖင်ဖြင့် ပြားနေအောင် ခပ်ဖွဖွ ဖိချလိုက်ပါ။

၃။ ထို့နောက် ပန်းကန်လုံးအသေးတစ်လုံးထဲသို့ သကြား စားပွဲတင်ဇွန်း ၁၀ ဇွန်း၊ ခရင်ချိစ်နှင့် ဗနီလာတို့ထည့်ကာ သမအောင် ရောမွှေပါ။ ထို့နောက် Whipped ခရင်မ်ထည့်ကာ သမအောင် ထပ်မွှေပါ။

၄။ ရရှိလာတဲ့ ခရင်မ်အရောအနှောများကို စောစောက ကိတ်မုန့်အိုးထဲ အညီအမျှ ခွဲထည့်လိုက်ပါ။

၅။ ထို့နောက် အဖုံးအုပ်ထားပြီး ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် ထည့်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ချိစ်ကိတ်လေးက တင်းတင်းရင်းရင်းဖြစ်သွားပါလိမ့်မယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချိစ်ကိတ်လေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာ သစ်သီးများနဲ့ အလှဆင်ကာ သုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com