ချိစ်ကိတ်ကြိုက်တဲ့သူတွေအတွက် မုန့်ဖုတ်စက်မလိုပဲ အိမ်မှာ အလွယ်တကူလုပ်စားလို့ရမယ့် သံပုရာချိစ်ကိတ် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

အောက်ခံအသားလုပ်ဖို့ ဘီစကွတ် – ၁၂ ချပ်လောက်ကို ကြေညက်သွားအောင် ထုချေပေးပါ။

ထုချေပြီးရင် ပန်းကန်ထဲထည့်ပြီး ထောပတ်အရည် – ၆၀ ဂရမ်ကိုထည့်ပြီး သမအောင်နယ်ပါ။

၈ လက်မရှိတဲ့ pan ထဲကို နယ်ထားတာတွေထည့်ပြီး ဇွန်းနဲ့လိုက်ညှိကာ သိပ်သိပ်လေးဖြစ်အောင် ဖိပေးပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ထည့်ထားပါ။

ခရင်မ်ချိစ် – ၄၅၀ ဂရမ်ကို ပန်းကန်ထဲထည့်ပြီး မွှေစက်နဲ့မွှေပေးပါ။ powder sugar – ၉၀ ဂရမ်ထည့်ပြီး သံပုရာသီးတစ်လုံးကို အခွံတွေခြစ်ချပြီးထည့်ပါ။

ပြီးရင် သံပုရာရည်ပါ ၆၀ မီလီလီတာရအောင် ညှစ်ထည့်ပါ။ ပြီးရင်တော့ မွှေစက်နဲ့ ထပ်မွှေပါ။

ပန်းကန်တစ်လုံးထဲကို whipping cream – ၂၅၀ မီလီလီတာထည့်ပြီး မွှေစက်နဲ့မွှေပါ။

မွှေထားတဲ့ whipping cream နဲ့ ခုနက သံပရာရည်တွေထည့်မွှေထားတာတွေကို ရောပြီး သမအောင်နယ်ပါ။

အားလုံးပြီးရင် pan ထဲကိုထည့်ပြီး ညီနေအောင်ညှိပေးပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၈ နာရီကြာအောင် ထည့်ထားပါ။

အချိန်ပြည့်ရင်တော့ လှီးပြီး အပေါ်ကနေ ကိုယ်ကြိုက်သလို အလှဆင်ကာ ပန်းကန်ထဲထည့် စားသုံးနိုင်ပါပြီ။

Source: www.elmundoeats