သရက်သီးကြိုက်တဲ့သူတွေနဲ့ ချိစ်ကိတ်ကြိုက်တဲ့သူတွေအတွက် ကိုယ်တိုင်လုပ်စားလို့ရအောင် Mini သရက်သီးချိစ်ကိတ် ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ရိုးရိုးဘီစကစ် – ၁၉၀ ဂရမ်ကို အိတ်ထဲထည့်ပြီး ကြေညက်သွားအောင် ထုချေပါ။ ပြီးရင် ပန်းကန်ထဲပြောင်းထည့်ပါ။

ထောပတ်အရည် – ၈၀ ဂရမ် ထည့်ပြီး သမအောင်နယ်ပါ။ ပြီးရင် ကိတ်လုပ်မယ့်ပုံစံခွက်လေးတွေထဲ ထည့်ပြီး ဖိချပေးပါ။ ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ကြာ ထည့်ထားပေးပါ။

သရက်သီးအမှည့်တစ်လုံးကို အခွံခွာပြီး သေးသေးလေးတွေလှီးကာ Blender ထဲထည့်ပါ။ သံပုရာရည် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ကြိတ်ပါ။

နောက်ထပ်ပန်းကန်ထဲကို Cream Cheese – ၃၀၀ ဂရမ်ထည့်ပြီး မွှေစက်နဲ့မွှေပါ။ Greek Yogurt – ၂၅၀ ဂရမ်ထည့်ပါ။ Powdered Sugar – ၆၀ ဂရမ်ထည့်ပြီး ထပ်မွှေပါ။ Blender ထဲ ထည့်ကြိတ်ထားတဲ့ သရက်သီးတွေပါ ထည့်ပြီး ထပ်မွှေပါ။

နောက်ထပ်ပန်းကန်ထဲကို Whipping Cream – ၁၂၅ မီလီလီတာထည့်ပြီး မွှေပါ။ လုံးဝပျစ်သွားတဲ့အထိမွှေပြီးရင် ခုနက သရက်သီးတွေထည့်မွှေထားတာနဲ့ သွားရောပြီး သမအောင်နယ်ပါ။

သေချာနယ်ပြီးရင် ပုံစံခွက်လေးထဲကို ဇွန်းနဲ့ ၂ ဇွန်း၊ ၃ ဇွန်းစာလောက်ထည့်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ ၃ နာရီအနည်းဆုံး ထည့်ထားပါ။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဘေးနားက စက္ကူဖတ်လေးကိုခွာပြီး သရက်သီးအနှစ်လေးတွေသုတ်၊ သရက်သီးတွေတင်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Mini သရက်သီးချိစ်ကိတ်ကို ရရှိသွားပါပြီ။

Source:www.elmundoeats